banner image

Sharing is a better way to grow the good impact

blog

အသက် ၆၂ အရွယ် အဖွားအို Jacquie Lawson (သို့မဟုတ်) Online Greeting Cards လောကရဲ့ ဦးဆောင်သူ

Invalid date | Web Development | by

အသက် ၆၂ အရွယ် အဖွားအို Jacquie Lawson (သို့မဟုတ်) Online Greeting Cards လောကရဲ့ ဦးဆောင်သူ

အဖွား Jacquie Lawson ဟာ England နိုင်ငံရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ West Sussesx မြို့လေးမှာ နေထိုင်ပြီးတော့ Illustatrator အနေနဲ့ နှစ် ၂၀ ကျော် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ကုန်ခါနီးလောက်မှာတော့ အဖွားဟာ Animate Christmas Card (The Christmas Cottage) ကို တီထွင်ခဲ့ပြီးတော့ သူငယ်ချင်းတွေဆီကို email ပို့ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမ မထင်ထားတဲ့ ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ သူမ email တွေပို့ပြီး တစ်ပတ်အကြာမှာ တောက်လျှောက် လူပေါင်းရာချီဆီကနေ အဲဒီလို Card မျိုးတွေ ပို့ပေးဖို့ တောင်းဆိုတဲ့စာတွေ ရခဲ့တာပါပဲ။ ဒါနဲ့ ၂၀၀၁ မှာ သူမဟာ ထပ်ပြီးတော့ animations card တွေ ထပ်ထွင်ခဲ့ပါတယ်။ နောက်ပြီး November မှာတော့ သူမရဲ့ တူဖြစ်တဲ့ Mike Hughes-Chamberlain နဲ့ပေါင်းပြီးတော့ Website တစ်ခုကို စတင်တည်ထောင်ပြီးတော့ သူမထွင်ထားတဲ့ Card တွေကို စတင် Download ဆွဲခွင့်ပေးခဲ့ပါတယ်။ December မှာတော့ သူမ ကိုဒီထက်ပိုပြီး နာမည်ကြီးစေခဲ့တဲ့ "The Snowdog" ဆိုတဲ့ ကဒ်ကို Website ပေါ်ကို စတင်ခဲ့ပြီး မထင်မှတ်တဲ့ Download အရေအတွက်တွေ ရရှိခဲ့ပြီး အောင်မြင်စေခဲ့ပါတယ်။

ဒါနဲ့ Jacquie တို့ တူအရီးဟာ ပုံမှန် Website နဲ့ client တွေရဲ့ တောင်းဆိုမှုကို မဖြည့်စီး နိုင်ဖူးဆိုတာ သဘောပေါက်သွားတဲ့အတွက် February 2002 မှာ သေချာရေးဆွဲထားတဲ့ website ဖြစ်တဲ့ jacquilawson.com ဆိုတဲ့ website ကိုလွင့်တင်ခဲ့ပါတယ် ။ အဲ့နောက်မှာတော့ website ဟာ December တစ်လတည်းမှာတင် Visitor 22.7 Mil ထိ ရှိခဲ့ပါတယ်။ ပြိုင်ဘက်ဖြစ်တဲ့ AmericanGreeting.com ထက် ၂ ဆ များပြားပါတယ်။အခုဆိုရင် Website မှာ members ပေါင်း 531,227 ဦး ရှိပြီးတော့ တစ်နှစ်စာ Annual Subscription Fee အနေနဲ့ $ 6.80 ပေးဆောင်ရပါတယ်။ တွက်ကြည့်မယ်ဆိုရင် တစ်နှစ် ဝင်ငွေ $3.6millions ရှိပါတယ်။

တကယ်လို့ Jacquie ဟာ Simple Website နဲ့တင် တင်းတိမ်ပြီး website ကို upgrade မလုပ်ခဲ့ဘူးဆိုရင် ဒီလောက်ထိ အောင်မြင် မလာနိုင်ပါဘူး။ သူမရဲ့ Business နဲ့လိုက်ဖက်ညီမဲ့ website ကိုဖန်တီးခဲ့အတွက်ကြောင့်သာ ဒီလိုအောင်မြင်မှုမျိုး ရခဲ့တာဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဘယ်စီးပွါးရေးလုပ်ငန်းမဆို လိုက်ဖက်တဲ့ Business Website ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့ လူကြီးမင်းတို့အနေနဲ့ လူကြီးမင်းတို့ စီးပွါးရေးလုပ်ငန်းတွေအတွက် လိုက်ဖက်တဲ့ Business website တွေကို ဖန်တီးချင်တယ်ဆိုရင်တော့ Venus Lab နဲ့ ဆက်သွယ်လိုက်ပါ။ အတွေ့အကြုံရင့် Team Members တွေနဲ့ ဖွဲ့စည်းထားတဲ့ Venus Lab ကနေ လူကြီးမင်းတို့အတွက် လိုအပ်တဲ့ Business Website တွေကို ဖန်တီးပေးဖို့ အဆင်သင့်ရှိနေပါတယ်။

#venuslab #idea_to_impact #website

by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab