banner image

Sharing is a better way to grow the good impact

blog

နည်းပညာကြောင့် အစားထိုးခံလာနိုင်ရသော ပစ္စည်းများ

Invalid date | General Knowledge | by

တစ်ခါတစ်လေ အနာဂါတ်ကိုကြိုပြောဖို့က ဗေဒင်မေးစရာ မလိုပါဘူး။ လက်ရှိ သွားနေတဲ့ Trend တွေ တိုးတက်နေတဲ့ နည်းပညာတွေကို ကြည့်ပြီးတော့ ခန့်မှန်းနိုင်ပါတယ်။ နည်းပညာတိုးတက်လာတာနဲ့ အမျှ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတွေ တော်တော်များဟာ နည်းပညာနဲ့ အစားထိုးခြင်းကို ခံခဲ့ရပါပြီ။ အရင် နေ့စဉ်ပတ်ဝန်းကျင်မှာ အသုံးပြုခဲ့တဲ့ အရာတွေဟာ အခုအချိန်မှာတော့ နည်းပညာမြင့် တခြားပစ္စည်းတွေ ဖြစ်ကုန်ပါပြီ။ ဒါဆိုရင် ရှေ့ဆက်ပြီး ဘယ်အရာတွေကကော နည်းပညာတွေနဲ့ အစားထိုးခံရမလဲ ?

၁) ကားမှန်
အခုနောက်ပိုင်းကားတွေမှာ Camera တွေ Display Setups တွေပါဝင်လာခြင်းက ကိုယ့်ရဲ့ ကားဘေးပတ်ဝန်းကျင်ကို မြင်နိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။ တကယ်လို့ မောင်းသူမဲ့ကားတွေ ဘာတွေ ခေတ်စားလာပြီဆိုရင်တော့ ပိုပြီးတော့ ကားတွေမှာ Cameras တွေ Sensors တွေ ပိုပြီး လိုအပ်လာပါမယ်။ အဲဒီလို ပါဝင်လာတာနဲ့အမျှ Monitoring Systems တွေဟာ အရင် Old School ကားမှန်တွေကို အစားထိုးသွားနိုင်ပါတယ်။

၂) ကဒ်များ
ငွေစက္ကူတွေကို ကိုင်ဆောင်သုံးစွဲမှုဟာလည်း အစားထိုးခံရဖို့ အလားအလာရှိပါတယ်။ တဖြည်းဖြည်းနဲ့ ငွေစက္ကူတွေအစား Cards တွေ၊ mobile payment တွေဟာ နေရာယူလာပါလိမ့်မယ်။ တကယ်လို့သာ ငွေစက္ကူနေရာမှာ Cards တွေ အစားထိုးဝင်ရောက်လာတယ်ဆိုရင် ငွေကြေးခဝါချမှုကို ကာကွယ်လာနိုင်ပါလိမ့်မယ်။

၃) လျှပ်စစ်ကြိုးများ
ဟိုးအရင်အချိန်တွေတုန်းက ဘယ်လူနေအခန်း ၊ ရုံးခန်းမဆို ကြိုးတွေနဲ့ ရှုပ်ရှက်ခတ်နေခဲ့ဖူးပါတယ်။ ဒါပေမဲ့ bluetooth တွေ wifi netwroking တွေ ပေါ်လာပြီးနောက်မှာတော့ ဖုန်းတွေ၊ ပရင်တာတွေ ၊ ကီးဘုတ်တွေ ၊ mouse တွေဟာ Physical connection တွေ သိပ်မလိုအပ်ပဲ ချိတ်ဆက်လို့ ရလာတဲ့အတွက် လျှပ်စစ်ကြိုးတွေ ဟာ အရင်ကလောက် ရှုပ်ပွမှု တွေ မရှိတော့ပါဘူး။ wireless tech တွေ ဒီထက်ပိုပြီး ဖွံ့ဖြိုးလာမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နောက်ပိုင်းမှာ ဖုန်းအားသွင်းဖို့အတွက်တောင် Charger တွေမလိုတော့ဘဲ Charing Surface အပေါ်မှာ ဖုန်းကို တင်ပြီး အားသွင်းနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

၄) TV remote control များ
ခေတ်အဆက်ဆက် remote control တွေဟာ တီဗီရှိတဲ့ အိမ်တိုင်းမှာ ရှိခဲ့တဲ့ အရာပစ္စည်းဖြစ်ပါတယ်။ ဒါပေမဲ့ အနာဂါတ်မှာတော့ ပျောက်ကွယ်သွားနိုင်ပါတယ်။ Smart TV တွေ ခေတ်စားလာတာနဲ့အမျှ TV ကို ဖုန်းနဲ့ချိတ်ဆက်လာနိုင်ပြီးတော့ သုံးစွဲလာနိုင်တဲ့အတွက်ပါပဲ။ ဖုန်းတွေ tablet တွေနဲ့ TV ကိုချိတ်ဆက်အသုံးပြုနိုင်နေတဲ့အချိန်မှာ remote control တွေရဲ့ အခန်းကဏ္ဍဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားလာနိုင်ပါတယ်။

၅) Delivery People တွေ
စာတိုက်လုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာပေမဲ့ Email ကနေတဆင့် ပစ္စည်းတွေ ပို့လို့်မရသေးပါဘူး။ ဒါကြောင့် Delivery တွေကို အသုံးပြုနေရတုန်းပါပဲ။ ဒါပေမဲ့လည်း Delivery people တွေဟာလည်း နည်းပညာနဲ့ အစားထိုးခံရပြီးတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဘာတွေ နေရာယူလာနိုင်လည်းဆိုရင်တော့ Drone တွေပါပဲ။ Drone တွေအတွက် အိပ်ချိန်မလိုသလို ၊ လစာပေးစရာမလိုပါဘူး။ ဒါကြောင့် နောက်ပိုင်း Delivery Companies တွေမှာ လူတွေအစား Drone တွေကို အသုံးပြုလာနိုင်ပါတယ်။ လောလောဆယ်တော့ Drones တွေနဲ့ ပတ်သက်ပြီး တစ်ချို့နိုင်ငံတွေမှာ Logistics နဲ့ Law တွေကို စပြီး တိုင်ပင်ဆွေးနွေးနေပါပြီ။ ဒါကြောင့် Delivery People တွေဟာလည်း နည်းပညာနဲ့ အစားထိုးခံရပြီး ပျောက်ကွယ်သွားနိုင်ပါတယ်။

နည်းပညာတွေ နေ့စဉ်နဲ့ အမျှတိုးတက်နေတဲ့ခေတ်ကြီးမှာ တစ်ခုခုကို မျက်ခြေပြတ်တာနဲ့ အစားထိုးခံရမှာပါ။ အခုဆိုရင် စီးပွါးရေးလုပ်ငန်းတွေအကုန် Online ပေါ်ရောက်လာတဲ့အချိန်မှာ သင့်အနေနဲ့လည်း သင့်လုပ်ငန်းကို Digitally Transform လုပ်ဖို့ အချိန်ရောက်လာပါပြီ။ ဒီလိုမှ မဟုတ်ဘဲ နောက်ကျကျန်ခဲ့ရင်တော့ ပြိုင်ဖက်တွေရဲ့ ကျော်ဖြတ်တာကို ခံရမာ အမှန်ပါပဲ။ သင့်စီးပွါးရေးလုပ်ငန်းတွေကို Digitally Transform လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ကျွန်တော်တို့ Venus Lab နဲ့ ဆက်သွယ်လိုက်ပါ။ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကျွန်တော်တို့ Venus Lab က အဆင်သင့်ရှိနေပါတယ်။

#venuslab #idea_to_impact #website #application

by Admin