banner image

Sharing is a better way to grow the good impact

blog

How to start a career in Tech Field

Invalid date | General Knowledge | by

Digital ခေတ်ကြီးထဲမှာ Tech Field ဟာလည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းမွန်တဲ့ Field တစ်ခုပါ။ Tech နဲ့ အသက်မွေးဝမ်းကြောင်းလုပ်မဲ့ လူငယ်တွေဟာလည်း နေ့စဉ်နဲ့အမျှ ဒီ Field ထဲကို ဝင်လာတဲ့ လူငယ်တွေလည်း အများကြီးပါပဲ။ အဲလိုလူငယ်တွေအတွက် ကျွန်တော်တို့ Venus Lab ရဲ့ Project Manager ဖြစ်တဲ့ မနန္ဒာအေးကနေ သူဖြတ်ကျော်ခဲ့တဲ့ အတွေ့အကြုံတွေပေါ်မူတည်ပြီး အောက်က အချက်လေးတွေကို ပြောပြခဲ့ပါတယ်။

Tech Field ထဲမှာ Career ကိုစတင်ချင်တယ်ဆိုရင်တော့
1. College Degree ကိုယူထားသင့်ပါတယ်။
တကယ်လို့ သင်ဟာ အချိန်ရော ငေ ွပါ ရှိတယ်ဆိုရင် IT နဲ့ ပက်သက်တဲ့ဘွဲ့ တစ်ခုယူထားတာ အကောင်းဆုံးပါ။ Software Engineering နဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်အတွက် အဲဒီဘွဲ့ဟာ Career အတွက် Foundation တစ်ခုပါ။ ဒါပေမဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေ ပညာရပ်ပိုင်းဆိုင်ရာ နည်းပညာနဲ့ သတင်းအချက်အလက်တွေကတော့ ကိုယ့်ဘာသာကို လေ့လာသင်ယူမှု မရှိရင် တိုးတက်နိုင်မှာ မဟုတ်ပါဘူး။

2. ကိုယ့်ဟာကိုယ် လေ့လာပါ

Company အကြီး တော်တော်များများမှာ IT နဲ့ ဘွဲ့ရထားခြင်း ရှိမရှိ စီစစ်ပေမဲ့ တချို့ Company မှာတော့ ကိုယ့်ရဲ့ ဘွဲ့ထက် ကိုယ့်ရဲ့ Value နဲ့ Skill ကို ပိုကြည့်ပါတယ်။ သူတို့ဟာ အလုပ်ကို အမှန်တကယ် ပြီးအောင် လုပ်တဲ့သူတွေ ၊ Technical Problem တွေကို သေချာ ဖြေရှင်းနိုင်တဲ့သူတွေကို ရှာဖွေနေကြပါတယ်။ Programmer တစ်ယောက်လုပ်ချင်တဲ့သူဟာ စဉ်ဆက်မပြတ် လေ့လာနေဖို့လိုပါတယ်။ Tech Related Field ထဲမှာလက်တွေ့လုပ်ကိုင်ရင်း အတွေ့အကြုံယူတာမျိုး ၊ Online ပေါ်က Tutorial တွေကို ကြည့်ရှု့ပြီး လေ့လာတာမျိုးကို စဉ်ဆက်မပြတ် လုပ်နေသင့်ပါတယ်။

3. အလုပ္လုပ္ပါ
Online Resources တွေ စာအုပ်တွေ၊ Video Tutorial တွေကနေ လေ့လာသင်ယူပြီးပြီဆိုရင် Small Porject လေးတွေ ရေးကြည့်ပြီး App Store တို့ Play Store တို့မှာ တင်ကြည့်ပါ။ ဒါမှမဟုတ် Freelance Clients တွေကို ပြကြည့်ပါ။ တကယ်လို့ ကိုယ့်ရဲ့ အသိမိတ်ဆွေသူငယ်ချင်းတွေထဲမှာ Tech Field ထဲမှာ Freelance လုပ်နေတဲ့သူရှိရင် Freelance Project တွေရှိမရှိမေးပါ။ ဒါမှမဟုတ် သူတို့နဲ့ ပေါင်းလုပ်ပါ။
အဲဒီကနေစပြီး တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ Career ကို ချဲ့ထွင်ဖို့ ကြိုးစားသင့်ပါတယ်။

တကယ်ကို Tech Field ထဲကိုဝင်ပြီး စလုပ်ဖို့ စဉ်းစားနေတယ်။ Programming နဲ့ ပတ်သက်တာတွေလေ့လာချင်တယ်ဆိုရင်တော့ အောက်က လင့်တွေကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်။

www.sitepoint.com
www.coursera.org
www.udemy.com

အဆက်မပြတ် လေ့လာသင်ယူရင်း ကိုယ့် Career ကို အဆင့်မြှင့်တင်နိုင်ပါစေ။ မေးစရာတွေရှိရင်လည်း အောက်က Comment မှာဝင်မေးခဲ့လို့ရပါတယ်။

#idea_to_impact #venuslab #website #mobile_app

by Admin