banner image

Sharing is a better way to grow the good impact

blog

ဘယ်လိုအခြေအနေအမျိုးမှာ သင့်လုပ်ငန်းဟာ Mobile Application လိုအပ်ပြီလဲ

Invalid date | Mobile Development | by

စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် ကိုယ်ပိုင် Mobile Application တစ်ခုကို ဖန်တီးဖို့ဆိုတာက စိမ်ခေါ်မှု တစ်ခုပါပဲ။ ဒါဆို ဘယ်လိုအခြေအနေမျိုးမှာ ကိုယ်ပိုင် Mobile Application ကို စပြီး တည်ဆောက်သင့်ပြီလဲ ?

အဲ့ဒါကို မတွေးခင်မှာ အောက်က အချက်တွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ကြည့်ပါ။

1) ကိုယ့်မှာ Website ရှိပြီးပြီလား။ ရှိပြီးတဲ့ Website ကကော mobile အတွက် Optimized ဖြစ်ရဲ့လား

Mobile App ကို မလုပ်ခင် ကိုယ့်မှာ Website ရှိရဲ့လားဆိုတာကို တွေးပါ။ ပြီးရင် ရှိတဲ့ Website က Mobile Devices တွေအပေါ်မှာ အဆင်ပြေပြေ ရှိရဲ့လားဆိုတာကို လေ့လာပါ။ ကောင်းမွန်တဲ့ Web Design ရှိမှသာ Mobile Phone User တွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီးတော့ အဆင်ဆင်ပြေပြေ သုံးစွဲနိုင်ဖို့ကိုလည်း ပြင်ဆင်ထားပေးသင့်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ရှိတဲ့ Website ကိုတောင် သုံးစွဲသူတွေအတွက် အဆင်ပြေအောင် မကြိုးစားနိုင်သေးရင် Mobile App ဖက်ကို မလှည့်သေးသင့်ပါဘူး။

၂) ကိုယ့် ပြိုင်ဖက်တွေကကော Mobile App တွေ သုံးနေပြီလား။

ကိုယ့် စီးပွါးရေးလုပ်ငန်းအတွက် Mobile App လုပ်သင့်မလုပ်ဆိုတာ မစဉ်းစားခင်မှာလည်း ကိုယ့်ပြိုင်ဖက်တွေ ဘာလုပ်နေလည်းဆိုတာကို အရင် လေ့လာသင့်ပါတယ်။ သူတို့တွေကော App တွေလုပ်နေပြီလား။ လုပ်နေပြီဆိုရင် သူတို့ရဲ့ Statistics တွေကို သင့်တော်တဲ့ App Stores ကနေ သွားရောက်လေ့လာသင့်ပါတယ်။ အဲ့မှာ ရှိမဲ့ Download Counts ရယ် Review တွေရယ်က ကိုယ်လုပ်မဲ့ Mobile Apps အတွက် အဖိုးတန်တဲ့ Insight တွေ ဖြစ်လာမှာပါ။ တကယ်လို့ ကိုယ့်ပြိုင်ဖက်ရဲ့ Apps က အောင်မြင်နေတယ်ဆိုရင် ကိုယ့်အနေနဲ့ သူနဲ့ မတူရင်တောင်မှ သူ့ထက်သာမဲ့ Apps နဲ့ ယှဉ်ပြိုင်မှသာ အဆင်ပြေမှာပါ။

3) ကိုယ့်ရဲ့ App က Customer တွေရဲ့ ပြသနာကို ဖြေရှင်းပေးနိုင်လား
တကယ်လို့ ကိုယ့်ရဲ့ Mobile App က Additional Function တွေလည်း မပါဘူး။ ကိုယ့်ရဲ့ Website ကိုလည်း Optimized မလုပ်ပေးနိုင်ဘူးဆိုရင် Customers တွေကို ဘယ်လိုမှ ဆွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် လက်ရှိမှာ Customer တွေ ဘယ်အရာနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေလည်းဆိုတာစဉ်းစားပြီး ကိုယ့် App နဲ့ ဖြေရှင်းပေးဖို့ စဉ်းစားတာ ပိုကောင်းပါတယ်။

4) ကိုယ့် Customer တွေအတွက် Loyalty Program တွေ ထားပေးထားလား။
တကယ်လို့ ကိုယ့်စီးပွါးရေးနဲ့ ပတ်သက်ပြီး Customer တွေအတွက် Loyalty Program တွေ ထားထားပေးတယ်ဆိုရင် App ဟာ အသုံးဝင်ပါလိမ့်မယ်။ App ရှိတဲ့ Customers တွေကို Target ထားပြီးတော့ Discounts တွေ စျေးဝယ်ကူပွန်တွေ နဲ့ အခြား ခံစားခွင့်တွေကို ပေးပို့နိုင်ပါတယ်။

5) Branding ကို အရမ်းလုပ်နေပြီလား
Customers တစ်ယောက်က ကိုယ့်ရဲ့ Apps ကို ဒေါင်းလုတ်ဆွဲလိုက်ပြီဆိုတာနဲ့ သူတို့အနေနဲ့ သူတို့ရဲ့ ဖုန်းထဲမှာ ကိုယ့်လုပ်ငန်းအတွက် နေရာပေးလိုက်တဲ့ သဘောပါပဲ။ သူတို့ရဲ့ ဖုန်း Screen ပေါ်မှာ ကိုယ့် Apps Logo လေးရှိနေတာနဲ့တင် ဖုန်းနေ့တိုင်းသုံးနေတဲ့ သူတွေအတွက် ကိုယ့် Brand ကို အမြဲမြင်တွေ့ပြီး စိတ်ထဲမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

တကယ်လို့ သင့်အနေနဲ့ အပေါ်က အချက် ၅ ချက်ထဲက တစ်ချက်ချက်ကို ကြုံနေရပြီဆိုရင်တော့ သင့်လုပ်ငန်းအတွက် Mobile App ကို တည်ဆောက်သင့်နေပါပြီ။ တကယ်လို့ သင့်လုပ်ငန်းအတွက် Mobile App လိုအပ်တယ်ဆိုရင် ဒါမှမဟုတ် Website ကို Mobile Optimized ဖြစ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venus Lab နဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ အဆင်သင့် ရှိနေပါတယ်။

#idea_to_impact #venuslab #website #mobile_app

by Admin