banner image

Sharing is a better way to grow the good impact

blog

Game Developer တစ်ယောက် ဖြစ်ဖို့

Invalid date | General Knowledge | by

ကိုစိုးသီဟနိုင်ဆိုရင်ဖြင့် Game Development လောကထဲကို 2013-2014 ဝန်းကျင်လောက်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူပထမဆုံး Game ရေးဆွဲဖို့ စပြီးသုံးခဲ့တဲ့ Engine ကတော့ Unity 3D အင်ဂျင်ဖြစ်ပြီးတော့ Tower Defense ဂိမ်းကို ကိုယ်တိုင် စတင်ရေးသားခဲ့ပါတယ်။ Game Dev Challenge 2017 မှာတော့ Solo Developer အနေနဲ့ 2nd Runner Up `ဆုကို ရရှိခဲ့ပါတယ်။ နောက်ထပ် Achievement အနေနဲ့ကတော့ Global Game Jam 2019 January မှာတော့ Stealth Puzzle Game အမျိုးအစားနဲ့ 24 နာရီအတွင်း ဂိမ်းကို ပြီးမြောက်အောင် ရေးသားနိုင်ခဲ့ပြီး Survival Certificate ကိုရရှိခဲ့ပါတယ်။

ကိုစိုးသီဟနိုင်ဟာဆိုရင် Andriod , iOS , React.js, Node.js. Laravel , J2SE, Swift , JavaScript , HTML5 , PHP, C#, MySQL, C++, Maya , ZBrush စတဲ့ Language တွေကို ကျွမ်းကျင်ပိုင်နိုင်ပြီးတော့ Unity Engine ဖြင့် C# Language ကိုအသုံးပြုကာ လက်ရှိမှာလည်း မြန်မာမှု MOBA ဂိမ်းကို ရေးဆွဲနေသူလည်း ဖြစ်ပါတယ်။ (ထိုဂိမ်းကိုတော့ နောက် ၃ လအတွင်း Beta အနေနဲ့ Release စလုပ်မှာပါ)။
ကိုစိုးသီဟနိုင်အနေနဲ့ Game Development ကိုလေ့လာချင်တဲ့ လူငယ်တွေအတွက် အကြံဉာဏ်တွေကို အောက်ပါအတိုင်း ပေးထားပါတယ်။

၁) Game Dev ကို စပြီးလေ့လာချင်တဲ့သူတွေအနေနဲ့ Game Engine တွေထဲတစ်ခါတည်း တန်းဝင် Game Development လုပ်တာထက်စာရင် Game ရဲ့ Theory Concept တွေကို အရင်လေ့လာသင့်ပါတယ်။ Theory Concept လို့ပြောတဲ့အချိန်မှာ ၊ Game ဆိုတာဘာလဲ ? လူတွေက ဘာလို့ ဂိမ်းကို ကစားတာလဲ၊ Game တစ်ခုဟာ ဘယ်လိုဖွဲ့စည်းထားလဲ ? Game တစ်ခု ဖြစ်ဖို့ ဘယ်အပိုင်းက ပိုအရေးကြီးတာလဲ စတာတွေကို အရင်လေ့လာသင့်တယ်လို့ ဆိုပါတယ်။

အပေါ်ကပြောထားတဲ့ Theory Concept တွေနဲ့ ပတ်သက်ပြီး လေ့လာဖို့အတွက်ကတော့ Jesse Schell ရဲ့ 2nd Edition စာအုပ်ဖြစ်တဲ့ The Art of Game Design ကို အရင်ဖတ်ပြီး လေ့လာသင့်ပါတယ်။ နောက်ပြီး Raph Koster ရဲ့ A Theory of Fun for Game Design ဟာလည်း လက်လွတ်လို့ မရတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အခြေခံကျတဲ့ Theory Concept တွေကို နားလည်မှသာလျှင် ကိုယ်ရေးမဲ့ ဂိမ်းအပေါ်မှာ Passionate ဖြစ်ပြီး ရေးသားနိုင်မှာ ဖြစ်လို့ပါ။
ဒါမှမဟုတ် Concept တွေကို မသိချင်သေးဘူး။ ဂိမ်းကိုပဲ အရင် ရေးကြည့်ချင်တယ် ဘာညာဆိုရင်လည်း အောက်ကလင့်တွေမှာ သွားရောက်ပြီးတော့ လေ့လာနိုင်ပါတယ်။

https://learn.unity.com/
https://www.youtube.com/user/Brackeys
https://www.youtube.com/user/SykooTV

Game Deve နဲ့ပတ်သက်ပြီး မရှင်းတာရှိပါကလည်း အောက်က Comment Section မှာ ဝင်ရောက် မေးသွားနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

#idea_to_impact #venuslab #website #mobile_app

by Admin