banner image

Sharing is a better way to grow the good impact

blog

2019 ရဲ့ Design အကောင်းမွန်ဆုံး Website ၅ ခု

Invalid date | Web Development | by

Website တစ်ခု ကောင်းမွန်လား မကောင်းမွန်ဘူးလား ဆုံးဖြတ်တဲ့အခါ Website တစ်ခုရဲ့ အသွင်အပြင် UI တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ Design Aesthetic, Usability , Interactivity , Sound Design တို့အပြင် အဲဒီ Website က ပေးတဲ့ Value တွေပေါ်မူတည်ပြီး Website ဟာ ကောင်းမွန်လား မကောင်းမွန်ဘူးလားဆိုတာ ဆုံးဖြတ်ရပါတယ်။ မတူညီတဲ့ Industry တွေအတွက် Website တွေဟာ မတူညီတဲ့ အတွေ့အကြုံတွေ ပေးပါတယ်။ အောက်မှာ ဖော်ပြမဲ့ Website တွေကတော့ Awwwards, UX Awards, The Webby Awards , SiteInspire, Best Website Gallery , FWA စတဲ့ Organization တွေကနေ ဆုတွေရထားတဲ့ Website တွေဖြစ်ပြီး သူတို့ရဲ့ Webdesign တွေဟာ တခြားသူတွေကိုပါ Inspire ဖြစ်စေပါတယ်။

ပထမဆုံး List ထဲပါလာတာကတော့ Most Significant Industry Evolution, 2014 UX Awards ဆုကို ရရှိခဲ့တဲ့ Virgin American (https://www.virgin.com/) ရဲ့ Website ပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ Airline နဲ့ပတ်သက်တဲ့ Website တွေဟာ အသုံးပြုရတာ အဆင်မပြေဘူး၊ ခက်ခဲတယ်ဆိုတဲ့အမြင်တွေ ရှိနေပေမဲ့ Virgin America ကတော့ သုံးရတာ Responsive အရမ်းဖြစ်တဲ့အတွက် One of the best website အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဒုတိယတစ်ခုကတော့ Site of the Day (6/6/2015) ဆုအဖြစ် Awwwards ကနေ ချီးမြှင့်ခံခဲ့ရတဲ့ Feed (http://www.feedmusic.com/) ဆိုတဲ့ Musice Website ပါပဲ။ Videos တွေ Animation တွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဒီ Website ကတော့ User တွေကို Engage ဖြစ်စေတဲ့ အတွေ့အကြုံတွေကို ပေးနိုင်မှာပါ။

တတိယတစ်ခုကတည်း Awwwards ကနေ Site of the Day (5/19/2015) ဆု ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ETQ (https://www.etq-amsterdam.com/) ဆိုတဲ့ Website ပါပဲ။ သူ့ Site မှာ ထည့်ထားတဲ့ Product တွေရဲ့ စွဲဆောင်မှုရှိတဲ့ Visual တွေ ၊ ရိုးရိုးရှင်းရှင်း Background တွေဟာ Website ကိုရောက်လာတဲ့သူတိုင်းကို စွဲဆောင်ထားနေမှာ ဖြစ်ပါတယ်။

လေးခုမြောက်ကတော့ Awwwards ကနေပဲ Site of Day (7/4/2015) ဆုကို ရခဲ့တဲ့ Mikiya Kobayashi (http://www.mikiyakobayashi.com/) Website ပဲဖြစ်ပါတယ်။ သူ့ရဲ့ Site တစ်ခုလုံးကို ဂျပန်ဘာသာနဲ့ ရေးသားထားပြီးတော့ English ဆီ ဘာသာပြန်ထားတာပါ။ သူ့ Website မှာတော့ သူ့ရဲ့ ဓါတ်ပုံပညာတွေနဲ့ Subtle Animations Showcases တွေကို တွေ့နိုင်မှာပါ။

ငါးခုမြောက်ကတော့ Site of the Day (4/4/2015) ဆုအပြင် Best Website Gallery ဆုကို ရခဲ့တဲ့ Woven Magazine (https://wovenmagazine.com/) ပဲဖြစ်ပါတယ်။ Celebraties Artists တွေ Craftsmen တွေ Makers တွေရဲ့ အကြောင်း Contents တွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ကောင်းမွန်လှပပြီး စွဲဆောင်မှု ရှိတဲ့ အသွင်အပြင်ကြောင့် Website မှာတင် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို မပျင်းမရိ ဖတ်ရှု့နိုင်မှာဖြစ်ပါတယ်။

Internet အသုံးပြုသူများလာတာနဲ့အမျှ ဒီဘက်ခေတ်မှာ လုပ်ငန်းတွေဟာလည်း Internet ပေါ်ရောက်လာကြပါပြီ။ စစ်တမ်းတစ်ခုအရ ၂၀၂၀ နှောင်းပိုင်းမှာ လုပ်ငန်းတွေဟာ ကိုယ်ပိုင် Website တွေပိုင်ဆိုင်လာတော့မယ်လို့သိရပါတယ်။ ဒါကြောင့် ပြိုင်ဖက်တွေထက် ခြေတစ်လှမ်းသာနေစေဖို့ စီးပွါးရေးလုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ပိုင် Business Website တစ်ခု ရှိသင့်နေပါပြီ။

တကယ်လို့ အပေါ်က ဖော်ပြခဲ့တဲ့ Website တွေလို လှပတဲ့ UI တွေ၊ ကောင်းမွန်စွာ အသုံးပြုလို့ရတဲ့ UX တွေနဲ့ ဖွဲ့စည်းထားတဲ့ Website တွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venuslab က ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Venuslab မှာတော့ ကျွမ်းကျင်တဲ့ UI/UX ပညာရှင်တွေ ၊ အတွေ့အကြုံရင့်ကျက်တဲ့ Web Developer တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် လူကြီးမင်းတို့ စီးပွါးရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ Website တွေကိုသာ မက Mobile Apps တွေအထိပါ တာဝန်ယူပြီး ရေးဆွဲပေးနေပါတယ်။ အသေးစိတ် သိရှိလိုပါက အချိန်မရွေး Page မှာ လာရောက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

#venuslab #idea_to_impact #web_developing #website

by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab