banner image

Sharing is a better way to grow the good impact

blog

5 benefits of a career as a web developer

Invalid date | Web Development | by

လွန်ခဲ့တဲ့ နှစ် (၂၀) လောက်က ကလေးတွေကို သူတို့ ကြီးလာရင် ဘာဖြစ်ချင်လဲ လို့ မေးကြည့်ရင် သူတို့ရဲ့အဖြေတွေဟာ ဆရာဝန်၊ ရှေ့နေ၊ မင်းသား မင်းသမီး ဖြစ်ချင်တယ်လို့ ဖြေကြမှာပါ။ ဒါပေမဲ့ အခုခေတ်မှာ ကလေးတွေကို မေးကြည့်ရင်တော့ သူတို့အနေနဲ့ Blogger ဖြစ်ချင်တယ် ၊ Mark Zuckerberg လိုဖြစ်ချင်တယ်ဆိုပြီး ပြောင်းဖြေကြမှာပါ သေချာပါတယ်။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နေရာတိုင်းမှာ နည်းပညာနဲ့ အစားထိုးလာကြပါတယ်။ ဒီလိုနဲ့ နည်းပညာ နယ်ပယ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ အလုပ်သမား လိုအပ်ချက်တွေဟာလည်း တဖြည်းဖြည်း များပြားလာပါတယ်။ အဲဒီအထဲမှာ Web Developer တွေလိုအပ်ချက်ကလည်း ထိပ်ဆုံးအနားမှာ ရှိနေပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ Developer တွေဟာ Local Market မှာတင်မက နိုင်ငံအသီးသီးမှာ လိုအပ်ချက်အများဆုံး အလုပ်အကိုင် တစ်ခုဖြစ်နေပါတယ် ။ နောက်ပြီးတော့ သင်ဟာ Web Developer တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်း ပြုမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး (၅) မျိုးကို ရရှိမှာဖြစ်ပါတယ်။

၁) ကိုယ့်ရဲ့ Creativity ကို ထုတ်ပြနိုင်ခွင့်ရပါမယ်။
သင့်အနေနဲ့ Website တစ်ခုကို အစကနေ အဆုံးထိ concept တွေ design တွေကို စဉ်းစားရုံတင်မကဘဲ ကိုယ်ရေးလိုက်တဲ့ Website က အဆင်ပြေမပြေ ၊ ထိရောက်မှု ရှိမရှိအထိပါ တွေးတော ပြင်ဆင်ရမှာဖြစ်တဲ့အတွက် သင့်ရဲ့ အရည်အချင်းတွေကိုအကုန် ချပြနိုင်မှာပါ။

၂) ဘယ်နေရာကနေမဆို အလုပ်လုပ်နိုင်ပါတယ်
ကိုယ်ပိုင် tech company ထောင်တာပဲဖြစ်ဖြစ် ၊ Freelance လုပ်တာပဲဖြစ်ဖြစ် သင့်မှာသာ Portfolio ကောင်းကောင်းရှိမယ်။ Referrals ကောင်းကောင်းရှိမယ်ဆိုရင် အိမ်ကနေလုပ်တာပဲဖြစ်ဖြစ် Part time လုပ်တာပဲဖြစ်ဖြစ် လုပ်နိုင်မှာပါ။ အားတဲ့အချိန်မှာ အပိုဝင်ငွေလိုချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

၃) Flexibility
ပုံမှန် အလုပ်တွေဟာ မနက် ၉ ကနေ ၅ ထိ လုပ်ရတာများပါတယ်။ ဒါပေမဲ့ developer တစ်ယောက်အနေနဲ့ ကိုယ့်အလုပ်လုပ်နေတဲ့ လက်တော့ပါမယ်။ ဝိုင်ဖိုင်ရမယ်ဆိုရင် ဘယ်နေရာရာ ရောက်နေနေ အလုပ်လုပ်နိုင်စွမ်းရှိကြပါတယ်။ တကယ့် နာမည်ကြီး Company တွေဖြစ်တဲ့ Hootsuite , Google စတဲ့ Company တွေမှာဆိုရင် Cafeteria တွေ Nap Pods တွေကိုပါ ထားထားပေးပါတယ်။

၄) Web Developers ဟာ စျေးကွက်မှာ လိုအပ်ချက် များပြားနေပါတယ်။
တကယ်လို့ သင်ဟာ web developer အနေနဲ့လုပ်ကိုင်နေတယ်။ Portfolio ကောင်းကောင်းလည်း ရှိတယ်၊ ကိုယ်လုပ်နေတဲ့ Field မှာလည်း တကယ်ကျွမ်းကျင်တယ်ဆိုရင် လိုအပ်ချက်များပြားနေတဲ့ Web Developer Field ကြီးမှာ သင့်အတွက် သင့်တော်တဲ့ လစာနဲ့ အလုပ်နေရာ တစ်ခုဟာ မရှားပါဘူး။ သင့်အနေနဲ့ တကယ် တတ်ကျွမ်းနေဖို့ပဲ လိုပါတယ်။

၅) အမြဲလေ့လာနေရပါတယ်
တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမယ် အမှီမလိုက်နိုင်ရင် သင်ဟာ သင့်လောက်မှ မတော်တဲ့သူတွေရဲ့ ကျော်တက်ခြင်းကို ခံရမှာ အသေအချာပါပဲ။ ဒါကြောင့် နည်းပညာ နယ်ပယ်ထဲမှာ အလုပ်လုပ်နေသူတစ်ယောက်အနေနဲ့ သင့်အနေနဲ့ သင်နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို အစဉ်မပြတ် လေ့လာနေဖို့ လိုအပ်ပါတယ်။

#venuslab #idea_to_impact

by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab