banner image

Sharing is a better way to grow the good impact

blog

Facebook Page တစ်ခုရှိရုံနဲ့ လုံလောက်ပြီလား???

Invalid date | Web Development | by

စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့် Brand အကြောင်း၊ ကိုယ်ပေးနေတဲ့ Service အကြောင်းကို လူတွေကို ပိုသိစေချင်တာ ပုံမှန်ပါပဲ။ Brand awareness အတွက် ဒီခေတ်မှာတော့ အကောင်းဆုံးကတော့ Social Media ပေါ်ကိုတက်ပြီး တည်ဆောက်တာပါပဲ။ Social Media ကနေ ကိုယ့်ရဲ့ Brand အကြောင်းကို ဖြန့်ကျက်နိုင်ရုံတင်မကပါဘူး ကိုယ့်ရဲ့ Brand Image ကိုပါ တည်ဆောက်နိုင်ပါတယ်။ Social Media ဆိုရင်တော့ လူသုံးအများဆုံးဖြစ်တဲ့ Facebook ကတော့ သင့်ရဲ့ Brand ကို ဖြန့်ကျက်ဖို့ အကောင်းဆုံးသော Platform တစ်ခုဖြစ်ပါတယ်။ သင့်မှာလည်း Business Page တစ်ခုတော့ အနည်းဆုံးရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ Facebook Page တစ်ခုရှိရုံနဲ့တင် မလုံလောက်တော့ပါဘူး။ Facebook ဟာ Target Market တွေကို ရှာဖွေတဲ့အချိန်မှာ အရေးပါပြီးတော့ Potential Customer တွေကို သင့်ရဲ့ Website ဆီ Drive လုပ်ဖို့လည်း အသုံးဝင်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ Facebook Page ထက် သင့်ရဲ့ website ဟာ Online Hub တစ်ခု ဖြစ်သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ၁) သင့် Facebook Page ကို သင်မပိုင်ပါပါဘူး။ Page က သင်လုပ်ထားတာဖြစ်ပေမဲ့ သင့် Page ကို သင်မပိုင်ပါဘူး။ Facebook ကပဲ ပိုင်ဆိုင်တာဖြစ်ပါတယ်။ ဘယ်အချိန်မှာမဆို Facebook ဟာ သင့်ရဲ့ Brand နဲ့ Online Business presence ကို impact ဖြစ်စေမဲ့ Policies တွေ ၊ layouts တွေ Designs တွေကို ပြောင်းလဲပြစ်နိုင်ပါတယ်။ သင့်အနေနဲ့ Facebook ကို အဲဒီအရာတွေကို မပြောင်းပါနဲ့လို့ တားဆီးပိုင်ခွင့်မရှိပါဘူး။ နောက်ပြီး Facebook ဟာ သင့်ရဲ့ Business နဲ့ Personal Page ကို Notice မပေးဘဲနဲ့ ချက်ခြင်း ဖျက်သိမ်းပြစ်နိုင်ပါတယ်။ ၂) သင့်ရဲ့ ပြိုင်ဖက်တွေကလည်း သင့် Page မှာ ကြော်ငြာနိုင်ပါတယ်။ ဒီ အကြောင်းကြားရင်တော့ ဟင် ဟုတ်ရဲ့လားဆိုပြီး ဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ Customers တွေဟာ သင့်ရဲ့ Facebook Page ကိုကြည့်နေရင်းနဲ့ကို သင့်ပြိုင်ဖက်ရဲ့ Ads တွေကို ကြည့်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ သင့်ရဲ့ ပြိုင်ဖက်က သင့်ရဲ့ Facebook Page ကို လာတဲ့ လူတွေရဲ့ Profile တွေ Browsing History တွေကို အသုံးပြုပြီးတော့ Specific Target လုပ်နိုင်လို့ပါ။ သင့်အနေနဲ့ကတော့ သင့်ပြိုင်ဖက်ရဲ့ Ads တွေကိုတော့ သင့် websit မှာ ထည့်မှာမဟုတ်ပါဘူး။ဒါပေမဲ့ Social Media မှာတော့ သင် မထည့်ချင်လည်း သင့်ပြိုင်ဖက်က သင့် Customers တွေကို ခိုးယူနိုငပါတယ်။ ဒါကြောင့် သင့်ရဲ့ Online traffice တွေ အားလုံးကို ဘာလို့ တစ်နေရာတည်းမှာ ထားနေဖို့ မသင့်ပါဘူး။ ၃) SEO (Search Engine Optimization) အဆင်မပြေပါဘူး။ Search Engine တစ်ခုဖြစ်တဲ့ Google လိုမျိုးဟာ website တစ်ခုကို facebook page တစ်ခုထက် ပိုပြီး အလေးထားပါတယ်။ Local Search တစ်ခုအတွက် Business Facebook Page ဟာ Search List မှာ တက်လာနိုင်ပေမဲ့ Website တစ်ခုလောက်တော့ Ranking မမြင့်ပါဘူး။ ဘာလို့လည်းဆိုတော့ သင့်ရဲ့ Facebook Page ranking ကို သင်ထိန်းချုပ်ပိုင်ခွင့်မရှိလို့ပါ။ ဒါပေမဲ့ Website ဆိုရင်တော့ traffic တွေ တော်တော်များများဟာ Google ကနေ လာတဲ့ Organic Search ကနေ ရပါတယ်။ Google ဟာ တစ်ရက်ကို 3.5 billion searches အထိ ရှိပြီးတော့ တစ်နှစ်ကို 1.2 trillion အထိ ရှိပါတယ်။ ဒါပေမဲ့ Facebook မှာတော့ လူပေါင်း 500 mil သာရှိပါတယ်။ ၄) Design Lmitations တွေ ရှိပါတယ်။ Facebook ဟာ Design ပိုင်းနဲ့ပတ်သက်လာရင် အတော်လေးကို ကန့်သတ်ထားပါတယ်။ ဒါကြောင့် သင့်ရဲ့ company နဲ့ brand ကို သင်လိုသလို ကြေငြာဖို့က အတော်ခဲယဉ်းပါတယ်။ ဒါပေမဲ့ သင့်မှာ Website ရှိရင်တော့ သင်ဖော်ပြချင်တာကို ဖော်ပြချင်သလို ဖော်ပြနိုင်ပါတယ်။ သင့်ရဲ့ Marketing Strategy မှာ Branding က အရေးကြီးတယ်ဆိုရင် သေချာပါတယ်။ Facebook တစ်ခုတည်းဟာ မလုံလောက်ပါဘူး။ Facebook ဟာ သင့်ရဲ့ စီးပွါးရေးလုပ်ငန်းအတွက် အရေးကြီးတာတော့ မငြင်းနိုင်သလို Online Marketing Strategy အတွက် လည်း အရေးပါပါတယ်။ ဒါပေမဲ့ Branding နဲ့ Marketing အတွက်ဆိုရင်တော့ Website တစ်ခု ရှိထားတာက ပိုပြီးကောင်းမွန်ပါတယ်။ Digital ခေတ်ကြီးထဲမှာ ပြိုင်ဖက်တွေထက် Online Marketing မှာ သာလွန်နေဖို့ Facebook Page တစ်ခုတည်းနဲ့ တောင့်ခံနေလို့ မရတော့ပါဘူး။ Website တစ်ခုကို လိုအပ်နေပါတယ်။ ဒါကြောင့်အခုပဲ Venuslab နဲ့ ဆက်သွယ်ပြီး သင့် စီးပွါးရေးအတွက် လိုအပ်တဲ့ Website တစ်ခုကို ဖန်တီးလိုက်ပါတော့။ #venuslab #idea_to_impact #website

by Admin