banner image

Sharing is a better way to grow the good impact

blog

Game တစ်ခုကို ပြီးဆုံးအောင် ရေးဖို့

Invalid date | Game Development | by

Game တစ်ခုကို ပြီးဆုံးအောင် ရေးဖို့ ၁) Game Dev ကို စပြီးလေ့လာချင်တဲ့သူတွေအနေနဲ့ Game Engine တွေထဲတစ်ခါတည်း တန်းဝင် Game Development လုပ်တာထက်စာရင် Game ရဲ့ Theory Concept တွေကို အရင်လေ့လာသင့်ပါတယ်။ Theory Concept လို့ပြောတဲ့အချိန်မှာ ၊ Game ဆိုတာဘာလဲ ? လူတွေက ဘာလို့ ဂိမ်းကို ကစားတာလဲ၊ Game တစ်ခုဟာ ဘယ်လိုဖွဲ့စည်းထားလဲ ? Game တစ်ခု ဖြစ်ဖို့ ဘယ်အပိုင်းက ပိုအရေးကြီးတာလဲ စတာတွေကို အရင်လေ့လာသင့်တယ်လို့ ဆိုပါတယ်။ ၂) Game Development မှာ ကိုယ်က ဘယ်လို Game အမျိုးအစားမျိုးကို ရေးဆွဲချင်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင် ဆန်းစစ်ကြည့်သင့်ပါတယ်။ ဥပမာ Action , RPG, MOBA ဘယ်အမျိုးအစားကို ရေးချင်တယ်ဆိုတာကို အရင် တွေးပါ။ တွေးပြီးမှ ကိုယ်သွားချင်တဲ့အပိုင်းကို ဆက်လက်လေ့လာပါ။ ၃) Game Dev မှာ Role တွေ အများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ Team အနေနဲ့ သွားမလား , Solo အနေနဲ့သွားမလားဆိုတာကို ဆုံးဖြတ်ပါ။ Team နဲ့ သွားမယ်ဆိုရင် ကိုယ်က ဘယ် Role မှာအားသာလဲဆိုတာကို တွေးပါ။ Game Design လား၊ Game Programing လား၊ Art လား ဆိုတာ သေချာသိပါ။ တကယ်လို့ Solo သွားမယ်ဆိုရင်တော့ ရှိသမျှ Role တွေအားလုံးက ကိုယ်တိုင်လုပ်ရတာဖြစ်တဲ့အတွက် ခက်ခဲပါတယ်။ ၄) Role သတ်မှတ်ပြီးပြီဆိုရင်တော့ ကိုယ့် Game နဲ့ လိုက်ဖက်ညီမဲ့ Engine ကို ရှာပါ။ ဥပမာ Unity , Unreal , Godot တို့လို Engine တွေရှိပါတယ်။ ၅) ကိုယ်ရေးမဲ့ ဂိမ်းပရောဂျက်အတွက် Plan ချပါ။ က) Game Prototype ကို စဆွဲပါ။ ဘာတွေပါလည်းဆိုတော့ ကိုယ် ရေးမဲ့ ဂိမ်းရဲ့ အရမ်းအရေးကြီးတဲ့ Features တွေပါမယ်။ ခ) Game Design Document ကိုဆွဲပါ။ ဘာတွေပါမလဲ ဆိုရင်တော့ ကိုယ့်ဂိမ်းက ဘယ် Mechanic, Art Style, Story နဲ့သွားမှာလဲ စတာတွေပါမယ်။ ဂ) Project ကို Milestone ချပါ။ ကိုယ်ရေးမဲ့ ဂိမ်းက ပထမဆုံးစရေးတာဆိုရင် Game Scope က သေးသေးရေးတာ ကောင်းပါတယ်။ ဥပမာ တစ်လလောက်နဲ့ ပြီးမဲ့ Platformer , Puzzle Game မျိုးစတာတွေကို ရေးသင့်ပါတယ်။ အောက်မှာတော့ Game Development Production Pipeline နဲ့ပတ်သက်တဲ့ အကြမ်းဖျင်း Summary ကို ထည့်ပေးလိုက်ပါတယ်။ Game Development Process PRE-PRODUCTION Game Concept Analysis Game Design Document SRS Document Project-Plan with Milestone Art-Pipeline Set-up Technical Design Document Architecture - Design Test-Plan Finalising the right Art-style Flow & Wireframe Doc PRODUCTION Start developing on the gaming modules . Prioritise the most crucial parts and move it on to early sprints. Start Creating the Art-Assets Level-Design UI - Elements creations Game Balancing & Depth Audio Creation Review on each sprints & Work on the feedback . Optimization & Module Testing Integration of all the Modules . POST-PRODUCTION 3rd Party SDK's Integrations QA & Testing UAT Final Game Deliverables Monetisation Appstore Submissions Support & Maintenance ကျေးဇူးတင်ပါတယ် #venuslab #idea_to_impact #mobile_gaming

by Admin