banner image

Sharing is a better way to grow the good impact

blog

ကောင်းမွန်တဲ့ Landing Page တစ်ခုရှိခြင်းရဲ့ Benefits (5) ခု

Invalid date | Web Development | by

Business Website တစ်ခုမှာ အရေးကြီးတာ တစ်ခုကိုပြောပါဆိုရင် Landing Page ကို မဖြစ်မနေ ထည့်ပြောရမှာဖြစ်ပါတယ်။ Landing Page ဆိုတာက Website တစ်ခုရဲ့ ဘယ် Page မဆို ဖြစ်နိုင်ပါတယ်။ တစ်ယောက်ယောက်က Online ပေါ်က Call To Action button တစ်ခုကို နှိပ်လိုက်ပြီး ရောက်လာတဲ့ Page ကို Landing Page လို့ခေါ်ပါတယ်။ ပုံမှန်ဆိုရင် Marketer တွေဟာ သူတို့ ကြေငြာချင်တဲ့ အရာတွေ Offers တွေ Promotion တွေနဲ့ Marketing Campaign တွေကို Landing Page မှာ ထည့်သွင်း ပြီး ကြေငြာလေ့ရှိပါတယ်။ သင့်ရဲ့ Business အတွက် Landing Page ရှိစေခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ၁) Landing Page ဟာ သင့်ရဲ့ Business ကို တိုက်ရိုက် ထောက်ပံ့မှုပေးပါတယ်။ တကယ်လို့ သင့်ရဲ့ Business Goals ဟာ Niche Market အသစ်ကိုရှာဖွေတာမျိုး ၊ ကုန်ပစ္စည်းအသစ်အတွက် Promotion ပေးတာမျိုး၊ Customer အသစ်တွေကို ရချင်တာမျိုး၊ အရောင်းတက်ချင်တာမျိုး ဆိုရင် Landing Page ဟာ Support ပေးနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ Landing Page နဲ့ သင့် Business အတွက် ထိရောက်စေမဲ့ Audience တွေ Goals တွေကို Target လုပ်ပေးနိုင်သလို အဲဒီ Goal ကိုရောက်ပြီး အောင်မြင်လား မမြင်လားဆိုတာကိုလည်း တိုင်းတာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ နောက်ပြီး Landing Page ကနေ ကိုယ့် Potential Customer တွေကို Mailing List အတွက် Sign Up လုပ်ခိုင်းတာမျိုး ၊ Cantact Information တွေကိုဖြည့်ခိုင်းတာမျိုး စတဲ့ Lead တွေကိုလည်း ကောက်ယူနိုင်ပါတယ်။ ၂) Landing Page ဟာ Conversions တွေကို တိုးစေနိုင်ပါတယ် သင့်ရဲ့ Website ဟာ လာလည်တဲ့ Customers တွေကို Actions ယူဖို့အတွက် ဆုံးဖြတ်ချက်တွေကို အားပေးစေတဲ့ သတင်းအချက်အလက်တွေနဲ့ ပြည့်စုံနေသင့်ပါတယ်။ ဒါမှသာလျှင် Landing Page ကောင်းတစ်ခုလို့ သတ်မှတ်လို့ရမှာပါ။ အဲ့ဒီ Action ယူစေမဲ့အရာကို Call to action လို့ခေါ်ပါတယ်။ အဲဒီ Action ယူတဲ့ အကြိမ်အရေအတွက်ကို Conversion လို့လည်း ခေါ်ဆိုပါတယ်။ Conversions များလာတာနဲ့အမျှ အဲဒီ Conversions တွေကနေ Customers တွေပိုရလာတာမျိုး ၊ ကိုယ့် Business အတွက် အရောင်းတက်လာတာမျိုး စတာတွေကို တိုင်းတာလို့ ရပါတယ်။ ၃) Landing Page ဟာ Data တွေ Insights တွေကို Generate လုပ်ပေးနိုင်ပါတယ်။ သင်ဟာ သင့်ရဲ့ Landing Page ကို Campaign တစ်ခုခု , Content , action သို့မဟုတ် Source တစ်ခုခုမှာ Link ချိတ်ထားတယ်ဆိုရင် သင်ဟာ ဘယ် Channel ကနေ Lead အများဆုံး ရလည်းဆိုတာ တိုင်းတာလို့ ရပါတယ်။ နောက်ပြီး ဘယ် အကြောင်းအရာ ၊ ဘယ် Offers ကို လူစိတ်ဝင်စားတယ်၊ ဘယ် Campaign က အကောင်းဆုံး ဖြစ်ေ်နတယ် ဆိုတာကိုလည်း တိုင်းတာလို့ရပါတယ်။ အဲ့ကရတြဲ Insights ကနေပြီးတော့ သင့်ရဲ့ Target Audience တွေရဲ့ အကြောင်းကို ပိုမိုသိနိုင်ပြီးတော့ သင့်ရဲ့ ရှေ့ဆက် Run မဲ့ Campaign Strategies တွေကို ဆုံးဖြတ်နိုင်ပါတယ်။ ၄) Landing Page ဟာ Paid Search Campaigns ကို တိုးတက်စေနိုင်ပါတယ်။ အောင်မြင်တဲ့ SEM (Search Engine Marketing) ဒါမှမဟုတ် Paid Search Campaign တွေဟာ Landing Page ကို ရောက်လာတဲ့ CTR လို့ခေါ်တဲ့ Click Through Rates ပေါ်မှာ မူတည်ပြီး တွက်ချက်ပါတယ်။ ဒါကြောင့် Advertising Campaign အတွက် သေချာပြင်ဆင်ထားတဲ့ Landing Page ဟာဆိုရင် ကိုယ့် Product ကို စိတ်ဝင်စားတဲ့လူတွေကို Web Page ကို ခေါ်လာပြီးတော့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ရှာဖွေ ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ရဲ့ စိတ်ဝင်စားမှု များလာတယ်ဆိုရင် သင့်ရဲ့ Business ကို ဖုန်းခေါ်ဆိုတာမျိုး သင့်ရဲ့ Landing Page မှာ ထားထားတဲ့ Form ကို ဖြည့်သွင်းတာမျိုးကို လုပ်ဖို့ အခွင့်အရေး များပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့အနေနဲ့ Search Engine ကနေ သူတို့လိုချင်တဲ့အရာကို ရှာဖွေပြီး အဲဒီကနေ ရလာတဲ့ လင့်ကနေပြီးတော့ သင့်ရဲ့ Web Page ကိုရောက်လာတာမလို့ပါ။ ၅) Landing Page ဟာ သင့်ရဲ့ Email List ကို တိုးပွါးစေနိုင်ပါတယ်။ Landing Page ဟာ ပုံမှန်ဆိုရင် Lead Generation အတွက် သုံးတာများပါတယ်။ စိတ်ဝင်စားတဲ့သူတွေဆီကရတဲ့ Telephone Calls တွေ Form တွေကနေတဆင့် သူတို့ကို Potential Leads အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အဲဒါတွေရရှိဖို့ Ladning Page မှာ user information ဖြည့်သွင်းဖို့ Form တွေပါလေ့ရှိပါတယ်။ အဲဒီ Form မှာတော့ Name, Email address, Phone Number, ဒါမှမဟုတ် တစ်ခါတစ်လေမှာ Company နာမည် ပါပါတယ်။ အဲဒီ Form ကနေရတဲ့ email တွေကို list လုပ်ထားခြင်းအားဖြင့် သင့်လု်ငန်းအတွက် လိုအပ်မဲ့ Email List ကို တိုးပွါးစေမှာပါ။ Lading Page ကို ဖန်တီးတော့မယ်ဆိုရင် Page Style ဟာ consistent ရှိဖို့လိုပြီး အဲဒီ Landing Page ကို Link လုပ်ထားတဲ့ Content နဲ့လည်း ဆက်စပ်မိနေဖို့ လိုအပ်ပါတယ်။ Consistent ရှိတဲ့ Content တွေနဲ့ Link ချိတ်ထားတဲ့ Landing Page ဟာ သင့် Brand Awareness ကိုလည်း မြင့်မားစေပါတယ်။ ဒါကြောင့် သင့်ရဲ့ Business အတွက် Landing Page ဟာ ကဏ္ဍတစ်ခုကနေပြီးတော့ အတော်ကို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင့်ရဲ့ Business ဟာ Website မရှိသေးဘူး။ ကောင်းမွန်တဲ့ Landing Page မရှိသေးဘူးဆိုရင်တော့ Venuslab နဲ့ ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ Venuslab Team အနေနဲ့ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိနေပါတယ်။ #idea_to_impact #venuslab #website #mobile_app

by Admin