banner image

Sharing is a better way to grow the good impact

blog

Developer ရဲ့ စားပွဲခုံမှာ ရှိသင့်တဲ့ ပစ္စည်း ၆ မျိုး

Invalid date | General Knowledge | by
image

၁) Dual Monitors Monitors တစ်လုံးထက်ပိုပြီးရှိခြင်းက ကိုယ့်ရဲ့ Desktop Space ကိုပိုပြီးကျယ်ပြန့်စေပြီးေတာ့ Developers တွေအတော်တော်များများအတွက် ရှိသင့်တဲ့အရာဖြစ်ပါတယ်။ Multi-tasking လုပ်ချင်တာတွေ၊ Copy , Past လုပ်တာတွေ Detail Editing လုပ်တာတွေကို ပြုလုပ်တဲ့အချိန်မှာ Monitor ၂ လုံးကို ဘေးခြင်းထား ယှဉ်ကြည့်ခြင်းက Productivity ကိုတိုးစေမှာပါ။

image

၂) Head Phone ကိုယ် ရေးနေတဲ့ Code ထဲမှာ အာရုံစိုက်နိုင်ဖို့ အနှောင့်အယှက်ပေးမဲ့ ဘေးက ဆူညံ့သံတွေကို ဖျောက်ဖျက်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဘေးက ဆူညံ့သံတွေ နားထဲရောက်မလာစေဖို့ Noise Cancelling Headphone ကိုတပ်ထားခြင်းအားဖြင့် အလုပ်ထဲကို ပိုပြီး အာရုံစိုက်နိုင်မှာပါ။

image

၃) Stress Ball အလုပ်တွေ အကုန်လုံးက အနည်းနဲ့အများဆိုသလို Stress တွေပိမှာတော့သေချာပါတယ်။ အဲဒီလို Stress တွေ ပိနေချိန်မှာ စိတ်ကိုထွက်ပေးနိုင်တဲ့ Stress Ball ဟာ သင့်ရဲ့ရှေ့မှာ ရှိနေတယ်ဆိုရင် သင့်အနေနဲ့ အဲ့ဒီ Stress Ball နဲ့ ဆော့ပေးခြင်းဖြင့် သင့်စိတ်ထဲက တင်းမာမှုတွေကို ဖြေလျှော့ပေးနိုင်မှာဖြစ်ပါတယ်။

image

၄) Desk Essentials : Pencils, Paper and Post-It Notes စာရွက်စာတမ်းမရှိတဲ့ ရုံးခန်းဆိုတာ မရှိပါဘူး။ ဒါကြောင့် သင့်ဘေးနားမှာ ရေးစရာ စာရွက်နဲ့ ဘောပင်၊ ရုတ်တရက် တွေးမိတဲ့ Concept တွေကို မှတ်သားဖို့ Post-It Notes တွေ အဆင်သင့်ရှိနေတာက သင့်ရဲ့ စိတ်ညစ်မှုတွေကို လျှော့ကြစေမှာပါ။

image

၅) A Great Chair အိပ်ရာဝင်ဖို့အတွက် သက်တောင့်သက်သာရှိစေမဲ့ မွှေ့ရာက အရေးကြီးသလို တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေနိုင်ဖို့ သက်တောင့်သက်သာရှိစေမဲ့ ထိုင်ခုံတစ်ခုံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ထိုင်ခုံတစ်ခုံအတွက် ငွေကြေးအကုန်အကျခံခြင်းဟာ ထိုက်တန်မှုရှိပါတယ်။

image

၆) Portable Fan ရာသီဥတု ပူအိုက်တာနဲ့ မီးပြတ်တာနဲ့ ထိပ်တိုက်တိုးတဲ့အချိန်မှာ ပူအိုက်ပူလှောင်နေမယ်ဆိုရင် သင့်ခေါင်းက ဘာမှ စဉ်းစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် Portable Fan တစ်ခု ရှိနေခြင်းကလည်း သင့်ရဲ့ပူအိုက်မှုတွေကို ဖြေလျှော့ပေးနိုင်မှာပါ

by Admin