banner image

Sharing is a better way to grow the good impact

blog

Programmer , Developer နဲ့ Engineer ရဲ့ ခြားနားမှုများ

Invalid date | General Knowledge | by
image

The Programmer Programmer ရဲ့ Definitions ကို Medium မှာတော့ ဒီလို ရေးထားပါတယ်။ "writes code for applications and software without too much involvement in design and experience." Programmer ဆိုတာ design တွေ experience တွေ သိပ်မပါပဲ applications နဲ့ software တွေအတွက် Code ရေးသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အဓိပ္ပါယ်ဟာ သိပ်ပြီး တိကျမှု မရှိပါဘူး တကယ်တော့ အပေါ်က အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ back-end developer အတွက်ဆိုရင်တော့ မှန်ကန်ကောင်း မှန်ကန်ပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကတော့ Programmer ဆိုတာ Code ဘယ်လို ရေးရမယ်ဆိုတာ သိတဲ့ Computer Professional တွေကိုဖြစ်တယ်လို့ ယုံကြည်လို့ပါ။ Programming ဆိုတာ digital production တစ်ခုအတွက် programming languages တစ်ခုကို utilize လုပ်ပြီး ထွက်လာတဲ့အရာပါပဲ။ အဲဒီ Skill ကို ပိုင်ဆိုင်တဲ့သူကို Programmer လို့ခေါ်ပါတယ်။

image

The Developer ဒီ Title ကတော့ အရမ်း Common ဖြစ်ပါတယ်။ ဒီ Field ထဲက code ရေးတဲ့သူတွေ software ရေးတဲ့သူတွေအကုန်လုံးကို Developer လို့ခေါ်ကြပါတယ်။ သူတို့အတွက်တော့ Coding ဆိုတာ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ ပါဝင်ပါတယ်။ သူတို့ရဲ့ Responsibilities တွေကတော့ Documenting Features တွေ conceptual analysis တွေ ပါဝင်ပြီးတော့ တစ်ချို့လိုအပ်တဲ့အချိန်တွေမှာတော့ Design , Testing , Debugging နဲ့ Optimization တွေကို လုပ်ကိုင်ရပါတယ်။ ဒါကြောင့် ဒီ Title မှာ Junior , Middle , Senior , Lead ဆိုပြီး ခွဲလို့ရပါတယ်။ Juniors တွေအနေနဲ့ Language အနည်းငယ်နဲ့သာ Code ရေးနိုင်ပေမဲ့ တဖြည်းဖြည်းသူတို့ Level မြင့်လာတာနဲ့အမျှ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေဟာ တိုးလာပြီးတော့ Lead နေရာကို ရောက်လာနိုင်ပါတယ်။ ဒါကြောင့် အချုပ်အားဖြင့် Developer ဆိုတာ Technical နဲ့ပတ်သက်ရင် Knowledge များစွာရှိပြီး တော်တော်များများကို လုပ်နိုင်တဲ့ Creative သမားတစ်ယောက်ဖြစ်ပါတယ်။

image

The Engineer Engineer ဆိုတဲ့ စကားလုံးက ခုမှတင်သုံးစွဲခဲ့တဲ့ စကားလုံးမဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက သုံးစွဲခဲ့တဲ့ Title တစ်ခုလည်းဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ အဘွားကို Developer လို့ သွားပြောရင် သိချင်မှသိပေမဲ့ ၊ Engineer လို့ ပြောရင် သိမှာအသေချာပါပဲ။ ဒါကြောင့် Engineer လို့ခေါ်တဲ့ Profession ကလူတွေဟာ ပုံမှန်လူတွေထက် ပိုပြီး Physics တွေ mechanics တွေကို ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ Engineer အမျိုးအစားပေါင်းများစွာ ရှိနေပြီးတော့ Software Engineer တွေဟာလည်း တစ်မျိုးအပါအဝင်ပါပဲ။ Software Engineer ဆိုတာက Software ကို အသုံးပြုတဲ့ Computer တွေ တခြား Devices ရဲ့ Design , Development , maintenance , testing စတာတွေကို လုပ်ပေးနိုင်တဲ့သူကို ခေါ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် Engineer ဆိုတာ သင်ကြားခဲ့ရတဲ့ ပညာတွေကို အခြေခံပြီး အဲ့ဒီပညာတွေကို အသုံးပြုပြီး Digital Solutions တွေကို ဖြေရှင်းနိုင်တဲ့သူတွေကို ခေါ်ပါတယ်။ နောက်ပြီး Software Engineer တစ်ယောက်အနေနဲ့ Computer Science , Software Engineering, Mathematics အစရှိတာတွေနဲ့ ပတ်သက်ပြီးတော့ Knowledge ဟာ မရှိမဖြစ် ရှိထားသင့်ပါတယ်။ အဲဒီပညာရပ်တွေကို အသုံးချပြီးတော့မှ သူတို့ဟာ Product တစ်ခုအတွက် Business ကို အထောက်အကူဖြစ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

by Admin