banner image

Sharing is a better way to grow the good impact

blog

3 Best Looking Business Websites

Invalid date | Web Development | by
image
JOHO's Bean (https://www.jhornig.com/) နောက်ထပ် ကောင်းမွန်တဲ့ Business Website ကတော့ JOHO's Bean ရဲ့ site ပဲဖြစ်ပါတယ်။ သူတို့ Site ကတော့ အဓိက Story-telling ကို အာရုံစိုက်ပြီးတော့ website ကို လာလည်တဲ့ visitors တွေနဲ့ အရမ်းကို interactive ဖြစ်ပါတယ်။ သူတို့ Website ကိုသွားမယ်ဆိုရင် သင့်အနေနဲ့ နားကြပ်လေးသာ တပ်ပြီး Scroll Down လေး လုပ်သွားရုံပါပဲ။ သူတို့ရဲ့ Story-telling က သင့်ကို အဆုံးစမဲ့တဲ့ ကော်ဖီခင်းထဲကို ခေါ်ဆောင်သွားမှာပါ။ Homepage ရဲ့ ရိုးရှင်းမှုနဲ့ အဓိကကျတဲ့ Content တွေကိုပဲ တင်ဆက်ထားပေးမှုက visitor တွေကို JOHO's အပေါ် စိတ်ဝင်စားမှုကို ဖြစ်ပေါ်လာစေပြီးတော့ ဝယ်ယူတဲ့အဆင့်ထိ ရောက်လာအောင် သယ်ဆောင်သွားနိုင်ပါတယ်။
image
Minimums (http://minimums.com/) ဒီ Website ကတော့ စိတ်ဝင်စားစရာကောင်းတဲ့ Content တွေကို ရှင်းရှင်းလင်းလင်းပုံစံနဲ့ ဖော်ပြထားတဲ့ website ဖြစ်ပါတယ်။ Design ကတော့ grid-based ဖြစ်ပြီးတော့ Quality ကောင်းပြီး Size သိပ်မကြီး တဲ့ Compress လုပ်ထားတဲ့ Image တွေနဲ့ အလှဆင်ထားပါတယ်။ တခြား Website တွေနဲ့ မတူတဲ့အချက်က Information တွေအကုန် ပြွတ်သိပ်နေတာ မဟုတ်ဘဲ အရမ်းအရေးကြီးတဲ့ Content တွေကိုသာ ဖော်ပြပေးတာဖြစ်ပါတယ်။ နောက်ပြီး သုံးထားတဲ့ colors တွေ image တွေဟာ စိတ်ကို relax ဖြစ်စေမှာပါ။
image
Exposure (https://exposure.co/) ဒီ Site ကတော့ ဓါတ်ပုံရိုက်ဝါသနာပါတဲ့သူတေွ အတွက် Platform ဖြစ်ပါတယ်။ သင့်ရဲ့ Adventure တွေ Stories တွေကို တင်ဖို့ အကောင်းဆုံးနေရာတစ်ခုပါပဲ။ Website Design ကတော့ ရိုးရိုးရှင်းရှင်းနဲ့ Photos တွေကိုပဲ အဓိက ဦးစားပေးထားပါတယ်။ San Serif Typography ကို သုံးထားပြီး ပါဝင်တဲ့ အဖြူရောင် Space တွေဟာ Website ကို ရှင်းရှင်းလင်းလင်းဖြစ်စေပြီးတော့ ဖတ်ရတာလည်း လွယ်ကူစေပါတယ်။
image
Website Design တွေဟာ တကယ်တမ်းတော့ Company တစ်ခုရဲ့ အောင်မြင်မှုအပေါ် အများကြီးသက်ရောက်မှု ရှိပါတယ်။ ကောင်းမွန်တဲ့ Website တစ်ခုဟာ သင့် Company ကို Potential Customer တွေအနေနဲ့ ပိုပြီး ယုံကြည်လာအောင် စွဲဆောင်နိုင်ပါတယ်။ ကိုယ့် Website ကို လာတဲ့လူတိုင်းဟာ ကိုယ့်ဆီကနေ အနည်းဆုံးတော့ Value တစ်ခုကို လာရှာတာပါပဲ။ တကယ်လို့ သင့် Website ဟာ စွဲဆောင်မှု မရှိရင်တော့ သင့်အနေနဲ့ Design တွေကို ပြန်ပြင်တာမျိုး ၊ Content တွေကို ပိုကောင်းအောင် ဖန်တီးတာမျိုး လုပ်သင့်ပါတယ်။ တကယ်လို့ Website လည်း မရှိသေးဘူး။ သင့်ရဲ့ Business အတွက် သင့်တော်တဲ့ Website တစ်ခုကို ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venus Lab နဲ့ ဆက်သွယ်လိုက်ပါ။ အတွေ့အကြုံရင့် Web Designer တွေ Web Programmer တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ Venus Lab Team ဟာ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆီးပေးဖို့ အဆင်သင့် ရှိနေပါတယ်။
by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab