banner image

Sharing is a better way to grow the good impact

blog

သင့်လုပ်ငန်းကို Digital Transform လုပ်ခြင်းဖြင့် မြှင့်တင်လိုက်ပါ။

Invalid date | Web Development | by

Digital ခေတ်ကြီးထဲမှာ နည်းပညာတွေ တိုးတက်လာမှုနဲ့အတူ ထိုနည်းပညာတွေဟာလည်း
စီးပွါးရေးလုပ်ငန်းတွေ အပေါ်မှာ သက်ရောက်မှုတွေ ရှိလာပါတယ်။ Customers တွေရဲ့ တောင်းဆိုချက်တွေ ၊ လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် Company တွေ စီးပွါးရေးလုပ်ငန်းတွေဟာ Digital Transformation ကို လုပ်လာကြပါတယ်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း Digital Transform ဖြစ်နေတာကို နေရာတိုင်းမှာ တွေ့ရမှာပါ။ Online Shopping တွေ mobile banking တွေ electronic payments စတာတွေဟာ Digital Transform ပြုလုပ်ထားတဲ့ အရာတွေ ဖြစ်ပါတယ်။ အရင်က Analouge ပစ္စည်းတွေဖြစ်တဲ့ Camera ၊ Phone ၊ TV စတာတွေဟာလည်း အခုဆို Digital တွေ ဖြစ်လာပါပြီ။

Company တွေအနေနဲ့ Digital Transform ပြုလုပ်ခြင်းဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကိုယ့်ပြိုင်ဖက်တွေ ၊ တခြား စီးပွါးရေးလုပ်ငန်းတွေအကုန် Digital Transform လုပ်နေချိန်မှာ ကိုယ့်အနေနဲ့ Traditional အတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ သူများတွေရဲ့ နောက်မှာ ကျန်ခဲ့မှာပါ။ ကိုယ်ပိုင်နာမည်နဲ့ Website ရှိနေတဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုရဲ့ Brand Image ဟာ Website မရှိတဲ့ လုပ်ငန်းတစ်ခုထက် ပိုပြီး ကောင်းမွန်ပါတယ်။
နောက်ပြီး သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Mobile Application ရှိခြင်းဟာလည်း လုပ်ငန်းခွင်အတွင်း ဆက်သွယ်မှုကို ပိုမို အဆင်ပြေစေမှာ ဖြစ်ပြီးတော့ Customers တွေနဲ့လည်း လွယ်လွယ်ကူကူချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ Company ကို Digital Transofrm လုပ်ချင်တယ်။ ဘယ်ကစလုပ်ရမှန်းမသိဖြစ်နေရင်တော့ ကျွန်တော်တို့ Venus Lab ကိုသာ ဆက်သွယ်လိုက်ပါ။ မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို Digital Enterprise အဖြစ် အသွင်ပြောင်းလဲပေးဖို့အတွက် Venus Lab က အသင့်ရှိနေပါတယ်။

by Admin