banner image

Sharing is a better way to grow the good impact

blog

Youtube Marketing (How to earn money from youtube)

Invalid date | Alphabet Challenge | by

Video Blogging (Vlog) တွေ ခေတ်စားလာတာနဲ့အမျှ Social Platform တစ်ခုဖြစ်တဲ့ Youtube ဟာလည်း Bloggers တွေ၊ Marketers တွေတင်မကဘဲ စီးပွါးရေးသမားတွေအတွက်ပါ ထည့်သွင်းစဉ်းစားစရာ Platform တစ်ခုဖြစ်လာပါတယ်။ အဓိကက ကျွန်တော်တို့ Youtube ပေါ်တက်ရင် ဘာ Value ပြန်ရမလဲဆိုတဲ့ မေးခွန်းပါပဲ။ Brand Image တွေ Credibility စတာတွေကို ဒီနေရာမှာ ပြောနေမဲ့အစား ကျွန်တော်ပြောချင်တာက Youtube Ads တွေကနေ ပြန်ရနိုင်တဲ့ ပိုက်ဆံပါပဲ။ ကျွန်တော်တို့ Youtube ကနေ ပိုက်ဆံဘယ်လို ရှာကြမလဲ ? Digital Age မှာ Online ပေါ်ကနေ ပိုက်ဆံရှာဖို့ဆိုတာ သိပ်ပြီး ခက်ခဲတဲ့ အရာတော့မဟုတ်တော့ပါဘူး။ Google အပိုင် Social Plaform တစ်ခုဖြစ်တဲ့ ဒီ Youtube ပေါ်မှာလည်း Youtube Partner Program နဲ့ ချိတ်ဆက်ပြီး ကိုယ့်ရဲ့ Video တွေမှာ Ads တွေထည့်ရင်းနဲ့ ကြေငြာခ ပိုက်ဆံတွေကို ရယူနိုင်ပါတယ်။ ဒါဆိုရင် ဘယ်ကစကြမလဲ ? 1) Youtube Channel တစ်ခုကို အရင်ဆောက်ပါ။ Youtube မှာ ပိုက်ဆံရှာဖို့အတွက် ကိုယ့်မှာ Youtube Account တစ်ခုရှိဖို့လိုပါတယ်။ ကိုယ့်မှာ Google Account ရှိနေရင် အသစ်ဖွင့်စရာမလိုပါဘူး။ ရှိနေတဲ့ Google Account ကို သုံးပြီး Youtube ကို အသုံးပြုနိုင်ပါတယ်။ ကိုယ့် Channel ရဲ့ နာမည်ဟာ ကိုယ် Youtube ပေါ်မှာ တင်မဲ့ Content တွေနဲ့ လိုက်ဖက်ညီမှုရှိနေသင့်တာကို ဂရုပြုပါ။ တကယ်လို့ ကိုယ့်နာမည်ကို ပြောင်းချင်ရင်တော့ ကိုယ့်ရဲ့ Google Account မှာသွားပြီးတော့ ပြောင်းနိုင်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက နာမည်ကို ၃ ခါပဲ ပြောင်းလို့ရတာပါပဲ။ ထပ်ပြောင်းချင်ရင်တော့ ရက် ၉၀ စောင့်ရပါတယ်။ 2) Content တွေတင်ပါ။ Channel တစ်ခု တည်ဆောက်ပြီးပြီဆိုရင်တော့ Content တွေ စပြီးတင်လို့ရပါပြီ။ ကိုယ့် Channel မှာ Content တွေ မရှိဘဲနဲ့တော့ ဘယ် Ads မှ ကိုယ့် Video မှာမပေါ်နိုင်သလို ပိုက်ဆံလည်းမရနိုင်ပါဘူး။ ကိုယ့်ရဲ့ Content တွေကို Consistent ရှိရှိနဲ့ ပုံမှန် တင်သင့်ပါတယ်။ ကိုယ့် Channel မှာ Content တွေ ပုံမှန်တင်နေမှသာ လူတွေဟာ ကိုယ့် Channel ကို Subscribe လုပ်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့် Content တွေမှာ Keywords တွေကို Tag လုပ်ဖို့ မမေ့ပါနဲ့။ အဲဒါမှ လူတွေကို Youtube Search ကနေ ကိုယ့် Video ဆီ Drive လုပ်နိုင်မှာပါ။ 3) Audience တည်ဆောက်ပါ။ Channel မှာ Video တွေကိုသာ တင်နေတာ ။ ကြည့်မဲ့သူတွေ မရှိရင် အလကားပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ Video တွေကို Social Media တွေပေါ်ကို Share တာမျိုးတွေ ၊ Internet ပေါ်က တခြားနေရာတွေမှာ ထည့်တာမျိုးတွေ ိကိုယ့် Video အောက်မှာ ကော်မန့်လာပေးတဲ့ Viewer တွေနဲ့ Interact လုပ်ပြီး စကားပြောတာမျိုးတွေ လုပ်သင့်ပါတယ်။ ၄) ကိုယ့်ရဲ့ Video တွေကို Monetize လုပ်ပါ။ ပိုက်ဆံ စရဖို့အတွက် Monetization ကို Enable လုပ်ထားဖို့ လိုပါတယ်။ Enable လုပ်ထားမှသာ Youtube က ကိုယ့် Video တွေမှာ Ads တွေကို စထည့်ပေးမှာဖြစ်ပါတယ်။ နောက်တစ်ချက် ကိုယ့် Video တွေဟာ Copyright နဲ့ ညှိမနေဖို့လိုပါတယ်။ နောက်တစ်ချက်က Monetization အဆင်ပြေဖို့အတွက်က အချက်၂ ချက် ပြည့်စုံဖို့ လိုအပ်ပါတယ်။ -ပြီးခဲ့တဲ့ တစ်နှစ်အတွင်း Watch Hours 4,000 ရှိဖို့ရယ် ၊ Subscribers 1000 ရှိဖို့ရယ်ပါ။ အဲဒီလိုအပ်ချက် ၂ ခု မပြည့်စုံဘဲနဲ့ ပိုက်ဆံ မရနိုင်ပါဘူး။ နောက်ပြီး ကိုယ့် Channel ရဲ့ Country ဟာ မြန်မာဖြစ်နေရင် ပြဿနာဖြစ်နိုင်ပါတယ်။ အစောပိုင်းမှာ အဆင်ပြေပေမဲ့ နောက်ပိုင်းမှာ Monetization ကို ပိတ်ချလိုက်တာမျိုး ဖြစ်နိုင်တဲ့အတွက် Country ကိုလည်း သေချာရွေးသင့်ပါတယ်။ ၅) Google AdSense အကောင့် ဖန်တီးပါ။ AdSense Site ကိုသွားပြီးတော့ Google AdSense အကောင့်ကို ဖန်တီးနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက Google AdSense accept လုပ်တာ မြန်မာနိုင်ငံမပါသေးပါဘူး။ အဲဒါကြောင့် Google AdSense အကောင့်အတွက် လိုအပ်တဲ့ Bank Information တွေကို ထည့်မယ်ဆိုရင် Bank က အနီးဆုံး ဘန်ကောက်မဟုတ်ရင် စင်္ကာပူဖြစ်နေဖို့လိုပါတယ်။ ဒီလောက်ဆိုရင် Youtube ကနေ ပိုက်ဆံရှာဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့် Video တွေ လိုင်းပေါ်ရောက်လာပြီ ၊ Monetized လည်းဖြစ်ပြီး ကြည့်တဲ့သူလည်း ရှိလာပြီဆိုရင်တော့ Click ပေါ်မူတည်ပြီး ပိုက်ဆံအနည်းနဲ့ အများ စဝင်လာပါပြီ ၊ နောက်ပြီး Analytics ကို အသုံးပြုပြီးတော့ ။ ကိုယ့်ရဲ့ Estimate Earning , Ad Performance , Video Graphic , Demographic နဲ့ တခြားဟာတွေကိုလည်း Analyse လုပ်လို့ရပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Video ကို Youtube တစ်ခုတည်းမှာ မတင်ထားဘဲ ကိုယ့်ရဲ့ တခြား Social Network တွေမှာ Share တာမျိုးတွေ လုပ်တာကလည်း View Counts ကို တက်စေပါတယ်။ ၆) YouTube Partner တစ်ယောက် ဖြစ်အောင်လုပ်ပါ။ Youtube Partner ဆိုတာ ကိုယ် Monetized လုပ်ထားတဲ့ Video တွေ View အများကြီးရတဲ့ Youtube members တွေကို ပြောတာပါ။ Partner ဖြစ်သွားရင်တော့ တခြား Content Creation Tools တွေ အသုံးပြုခွင့်ရမှာဖြစ်ပြီးတော့ Viewers အပေါျမှာ မူတညျပွီးတော့ သတျမှတျထားတဲ့ ဆုတှကေိုလညျး ရနိုငျပါသေးတယျ။ နောကျပွီး Partners ဟာ တခွား Community Support နဲ့ Tips တှကေိုရနိုငျပါသေးတယျ။ Partner ဖြစ်ဖို့အတွက် အနည်းဆုံး ကိုယ့် Channel ကနေ ရက် ၉၀ အတွင်း Watch Hour 15,000 ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့် Youtube ဟာ Bloggers တွေအတွက်ကော ၊ Marketers တွေ အတွက်ကော ၊ Brand တွေအတွက်ကော မေ့ထားလို့မရတဲ့ Channel တစ်ခုပဲ ဖြစ်ပါတယ်။ #venuslab #idea_to_impact #alphabet_challenge

by Admin