banner image

Sharing is a better way to grow the good impact

blog

Zero to Hero Growth Hacking Stories

Invalid date | Alphabet Challenge | by
သမားရိုးကျ ဈေးကွက်ချဲ့ထွင်ရေးနည်းလမ်းတွေက startup တွေ အတွက် အလုံးစုံအဆင်မပြေနိုင်ပါဘူး။ များသောအားဖြင့် startup တွေမှာက ဈေးကွက်ချဲ့ထွင်ဖို့အတွက် ဘတ်ဂျတ်က အကန့်အသတ်ရှိနေတတ်ပါတယ်။ ကုမ္ဗဏီကြီးတွေကတော့ များသောအားဖြင့်ကတော့ ကိုယ့်ရဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုကို လူတွေအများကြီးဆီ ပျံ့နှံ့ရောက်ရှိဖို့အတွက် ငွေအင်အားအမြောက်အမြားသုံးြပီး ကြော်ငြာတတ်ကြပါတယ်။ ဒါပေမယ့် startup တွေအတွက်တော့ ငွေအလုံးအရင်းနဲ့ လိုက်ပြီး ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုတာ မလွယ်ပါဘူး။ အဲ့ဒီလို အခက်အခဲတွေကြားကတွေ ထိုးထွက်လာတဲ့ စကားလုံးတစ်ခုကတော့ “Growth Hacking” ပဲ ဖြစ်ပါတယ်။ Growth Hacking ဆိုတာဘာလဲ Growth Hacking ဆိုတာကတော့ များသောအားဖြင့် နည်းပညာ startup တွေ အသုံးပြုတဲ့ ဈေးကွက်ဖော်ဆောင်ရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အင်ဂျင်နီယာ (သို့) ပရိုဂရမ်မာတွေရဲ့ မားကတ်တင်းနည်းလမ်းလို့လည်း ပြောလို့ရပါတယ်။ Growth Hacking Team တစ်ခုမှာဆိုရင် marketers, developers, UI/UX specialists product managers တွေနဲ့ ဖွဲ့စည်းထားလေ့ရှိပါတယ်။ Growth Hacking Team တစ်ခုကိုပုံမှန်အားဖြင့် Growth Hackers တွေက သမားရိုးကျမီဒီယာတွေဖြစ်တဲ့ ရေဒီယို၊ သတင်းစာ၊ တီဗွီစတဲ့နေရာတွေမှာ ကြော်ငြာတာထက် ပိုမိုပြီးစမတ်ကျ၊ ဈေးနှုန်းသက်သာတဲ့ social media, seo, viral marketing တွေပေါ် အာရုံစိုက်လေ့ရှိပါတယ်။ နောက်တစ်ချက်က ကြော်ငြာတွေမှာ ငွေပုံအောပြီးသုံးတာထက် product ကို အာရုံစိုက်ပြီး viral growth ဖြစ်အောင် လုပ်တာက Growth Hacking ရဲ့ အဓိက အစိတ်အပိုင်းတစ်ရပ်ပါပဲ။ ထင်သာမြင်သာရှိအောင် Growth Hacking ဥပမာတွေကို ဖော်ပြပေးချင်ပါတယ်။ AirBnB 2010 ခုနှစ်လောက်တုန်းက AirBnB ရဲ့ growth hack လုပ်ခဲ့တဲ့နည်းလမ်းက နာမည်ကြီးခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက AirBnB က သိပ်ပြီးလူသုံးမများသေးပါဘူး။ Classified Ads webiste ဖြစ်တဲ့ Craigslist ဆိုတဲ့ website က အဲ့ဒီအချိန်က AirBnB ထက် အသုံးပြုသူများပြားပါတယ်။ ဈေးကွက်သုတေသနတွေလုပ်ကြည့်တဲ့အခါမှာ Craigslist က ဟိုတယ် listing တွေလာရှာတဲ့သူတွေအတွက် နေရာတစ်ခုဖြစ်နေတယ်ဆိုတာ AirBnB team က သိခဲ့ရပါတယ်။ AirBnB ရဲ့ growth hacking နည်းလမ်းကတော့ AirBnB မှာ အိမ်ငှားဖို့လာတင်တာနဲ့ Craigslist မှာပါ တစ်ခါတည်းတက်သွားအောင် လုပ်လိုက်တာပါပဲ။ အဲ့ဒီတော့ ကြော်ငြာတဲ့သူအတွက် တစ်ခါတင်ရုံနဲ့ လူသုံးပိုများတဲ့ Craigslist မှာ တင်ပြီးသားဖြစ်သွားသလို၊ Craigslist မှာ လာရှာတဲ့သူတွေအနေနဲ့လည်း Craigslist ကနေတစ်ဆင့် AirBnB website ကို ဝင်ကြည့်ဖြစ်သွားကြပါတယ်။ အဲ့ဒီနည်းလမ်းနဲ့ AirBnB က အသုံးပြုသူတွေ ပိုမိုများပြားလာအောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ DropBox DropBox ဆိုရင် အသုံးပြုသူတွေအချင်းချင်း Referral လုပ်ပြီး user တွေများအောင် ပြုလုပ်ခဲ့ပါတယ်။ DropBox သုံးတဲ့သူတစ်ယောက်က တခြားသူငယ်ချင်းတစ်ယောက်ကို DropBox သုံးဖို့ invite အလွယ်တကူလုပ်လို့ရအောင် ဆောင်ရွက်ပေးထားပါတယ်။ သင့် invite လုပ်လိုက်တဲ့ email / link / FB ကတစ်ဆင့် သူငယ်ချင်းတစ်ယောက်က DropBox ကို သုံးပြီဆိုရင် သင်က Storage Space တွေ ထပ်ပြီးရပါတယ်။ အဲ့ဒီလိုနည်းလမ်းတွေဆိုရင် ကြောငြာခတွေကို မသုံးဘဲ user ကို reward လုပ်တဲ့နည်းလမ်းကို အသုံးပြုထားတာဖြစ်ပါတယ်။ အခုဆိုရင် အဲ့ဒီနည်းလမ်းကို ဂိမ်းတွေ၊ website၊ apps တွေ တော်တော်များများမှာ တွေ့နိုင်ပါတယ်။ Hubspot User တွေအတွက် Free Tool တစ်ခုခု ဖန်တီးပေးခြင်းအားဖြင့်လည်း Growth Hack လုပ်လို့ရပါတယ်။ Hubspot အနေနဲ့ Website Grader Tool ဆိုပြီး website တွေကို စစ်ဆေးနိုင်တဲ့ Tool တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အသုံးပြုသူတွေက မိမိတို့ရဲ့ website url ကို ထည့်သွင်းလိုက်ရုံနဲ့ ကိုယ့် website ရဲ့ အမှတ်တွေကို တွက်ပေးပါတယ်။ Performance, SEO, Security, Mobile Ready စတာတွေမှာ ဘာတွေပြင်ဆင်ပြီး ပိုကောင်းအောင်လုပ်ဖို့လိုေသးလဲ၊ အခြေအနေကောင်းလားစတာတွေကို လျင်လျင်မြန်မြန် မြင်နိုင်အောင် ဆောင်ရွက်ထားပေးပါတယ်။ Report တစ်ခု ပြည့်ပြည့်စုံစုံလိုချင်တယ်ဆိုရင်တော့ email sign up လုပ်ပေးရပါတယ်။ Hubspot ကို အသုံးပြုတဲ့ B2B users ပေါင်း တစ်သောင်းခွဲနဲ့ ဈေးကွက်တန်ဖိုး 1.6 Billion USD ထိ ချဲ့ထွင်နိုင်ခဲ့တာ အဲ့ဒီ Website Grader Tool ကလည်း အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်ဆိုပြီး Hubspot CTO က ၂၀၁၅ မှာ ပြောခဲ့ပါတယ်။ နိဂုံးချုပ်ရမယ်ဆိုရင်တော့ Growth Hacking ဆိုတာ ဘာကြီးပါဆိုပြီးတော့ အသေဖော်ပြလို့ မရပါဘူး။ အကြမ်းဖျဉ်းအားဖြင့် Tech / Engineering နည်းလမ်းတွေကို အသုံးချပြီး အသုံးပြုသူတွေများလာအောင် (သို့) အမြဲတမ်းသုံးနေအာင် (သို့) နောက်ထပ်အသုံးပြုသူတွေကို စွဲဆောင်အောင် ပြုလုပ်တဲ့နည်းလမ်းတွေပါပဲ။ Growth Hacking ကို Tech Startup တွေက စတင်ခဲ့ပေမယ့် အခုအခါမှာတော့ ကော်ပိုရိတ်တွေမှာလည်း အသုံးပြုနေပြီ ဖြစ်ပါတယ်။ မိတ်ဆွေရဲ့ စီးပွားရေးကိုလည်း Growth Hacking လုပ်ဖို့ အိုင်ဒီယာလေးတွေ စဉ်းစားထားတာရှိတယ်ဆိုရင်တော့ Venus Lab က နည်းပညာပိုင်းကနေ ကူညီဖို့ အဆင်သင့်ရှိနေပါတယ်ခင်ဗျာ။ #venuslab #idea_to_impact #alphabet_challenge
by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab