banner image

Sharing is a better way to grow the good impact

blog

စီးပွါးရေးလုပ်ငန်းအတွက် SEO လုပ်ခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုး (၇)ချက်

Invalid date | Web Development | by

စီးပွါးရေးလုပ်ငန်းအတွက် SEO လုပ်ခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုး (၇)ချက် Website ရှိတဲ့ စီးပွါးရေးသမားတိုင်းကတော့ SEO (Search Engine Optimized) ဆိုတာတော့ ကြားဖူးမှာပါ။ ဒါဆိုရင် ကိုယ့်စီးပွါးရေးအတွက် SEO လုပ်ခြင်းအတွက် ဘာကောင်းကျိုးတွေ ရနိုင်မလဲ ? 1) SEO လုပ်ခြင်းအားဖြင့် ကိုယ့် Customer တွေကို ပိုပြီးကောင်းမွန်တဲ့ User Experience တွေကို ပေးနိုင်ပါတယ်။ User Experience တွေကို ပိုပြီးကောင်းမွန်အောင် လုပ်တဲ့နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ကိုယ့် Audience တွေကို Relevant ဖြစ်တဲ့ သတင်းအချက်အလက်တွေကို ပေးတာမျိုး၊ ကိုယ့် Product ဓါတ်ပုံ ဗီဒီယိုတွေ စာတွေ တင်ထားပေးတာမျိုး၊ လွယ်လွယ်ကူကူ သုံးစွဲလို့ ရတဲ့ Web Page ဖြစ်နေတာမျိုး ၊ Mobile Friendly ဖြစ်တဲ့ Site မျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကနေတဆင့် ကိုယ့် Site ဆီကို Click တွေ ၊ Sale Leads တွေ ရနိုင်သလို conversion rates တွေကို တက်လာအောင် လုပ်နိုင်ပါတယ်။ ဒါမှသာ ကိုယ့် Site ဟာ Search Ranking မှာ အဆင့်တက်လာမှာ ဖြစ်ပါတယ်။ 2) SEO ဟာ Leads တွေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ကိုယ့် Business ဟာ B2B ဖြစ်ဖြစ် B2C ဖြစ်ဖြစ် User တွေဟာ SEO ကနေ ကိုယ့် အကြောင်းကို ရှာဖွေရင်းနဲ့ပဲ ကိုယ့် Website ကိုရောက်လာပြီး Leads တွေကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့် Website ဟာ Search Ranking မှာ အပေါ်ရောက်နေဖို့ လိုပါတယ်။ 3) SEO ဟာ Coversion Rate ကို မြှင့်မားစေပါတယ်။ ကိုယ့်ရဲ့ Search Engine Ranking ဟာ မြင့်မားနေမယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ Conversion Rate ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ Search Engine Ranking မှာ ထိပ်မှာရောက်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Target Market ဟာ ကိုယ့် Brand/Service ကို ပိုပြီး သတိထားမိနေမှာပါ။ ကိုယ့် Product နဲ့ Service အကြောင်းတွေကို Customer တွေပိုပြီး သိသိလာတာနဲ့အမျှ အဲဒီ Customer တွေဟာ ကိုယ့် Product/Service တွေကို ဝယ်ယူသုံးစွဲဖို့ အခွင့်အလန်းပိုများပါတယ်။ 4) SEO ဟာ ကြေငြာစရိတ်ကို လျှော့ချပေးပါတယ်။ ကိုယျ့ Site ဟာ Search Ranking မှာ ထိပျမှာရှိနရေငျ ကိုယျဟာ ကိုယျ့ Site ကို Customer တှေ ကလစျနှိပျဖို့အတှကျ ပိုကျဆံကုနျစရာမလိုောတ့ပါဘူး။ Customer တွေဟာ ကိုယ့် Search Link ကို Click နှိပ်တာနဲ့အမျှ ကိုယ့်ရဲ့ Site ဟာ Search List မှာ ထိပ်ဆုံးရှိနေမှာပါ။ 5) SEO ဟာ Brand Credibility ကိုတည်ဆောက်နိုင်ပါတယ်။ Search Engine မှာ ကိုယ့် Site ဟာထိပ်ရောက်နေတာနဲ့အမျှ Customer တွေဟာ ကိုယ့် Product ဟာ ဒီ Industry ထဲမှာ ထိပ်ရောက်နေတယ်လို့ ထင်ကြမှာပါ။ နောက်ပြီး ကိုယ့် Product ဟာ Popular ဖြစ်တယ်၊ ကိုယ့်ကို ရှာဖွေတဲ့သူများတယ်ဆိုတဲ့ အမြင်ကိုလည်း သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ကိုယ့် Site ဟာ Search Engine မှာ နောက်ဖက်ရောက်နေတယ်ဆိုရင် ကိုယ့် Product ဟာ သိပ်မယုံကြည်ရဘူး၊ နာမည်မရှိဘူးဆိုတဲ့ အမြင်ကို ဖြစ်စေမှာပါ။ 6) SEO ဟာ Brand Awareness ကို တည်ဆောက်ပေးနိုင်ပါတယ်။ Brand Awareness ဆိုတာ ကိုယ့်ရဲ့ Target Market က ကိုယ့် Brand ကို သတိထားမိပြီး အသိအမှတ်ပြုလာတာပါ။ SEO လုပ်ခြင်းအားဖြင့် Customer တွေဟာ Search Engine မှာ ကိုယ့်ရဲ့ Brand ကို အလွယ်တကူတွေ့နိုင်ပြီးတော့ Search Ranking မှာ ထိပ်ရောက်နေနေ ကိုယ့် Brand /Product ကို လူမြင်ဖို့ အခွင့်အရေးပိုများစေပါတယ်။ 7) SEO ဟာ Long-Term Marketing Strategy ပါ။ SEO လုပ်မယ်ဆိုရင် ကိုယ့် Website ကို Ranking မှာ ထိပ်ကို ဆွဲတင်ဖို့ အနည်းဆုံး အချိန် ၆ လ လောက် ယူသင့်ပါတယ်။ ဒါပေမဲ့လည်း ထိပ်ရောက်သွားရင်လည်း ပြန်ကျဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ့် Website ကို SEO လုပ်ထားခြင်းဖြင့် ကိုယ့် Brand ရဲ့ တည်ရှိမှုကို ပိုပြီးအထောက်အကူဖြစ်စေပါတယ်။ လူတိုင်း Digital ပေါ် ရောက်နေတဲ့အချိန်မှာ စီးပွါးရေးသမားတွေအနေနဲ့လည်း ကိုယ့် Product တွေအတွက် ကိုယ်ပိုင် Website တွေ ရှိထားသင့်ပါပြီ။ တကယ်လို့ Website မရှိသေးဘူးဆိုရင် ကျွန်တော်တို့ Venuslab ကနေပြီးတော့ လူကြီးမင်းတို့ရဲ့ စီးပွါးရေးနဲ့ ကိုက်ညီတဲ့ SEO Optimized လုပ်ထားတဲ့ Website တွေကို တာဝန်ယူ ဖန်တီးပေးနေပါပြီ။ ဒါကြောင့် လူကြီးမင်းတို့ စီးပွါးရေးအတွက် လိုအပ်တဲ့ Website တွေကို ဖန်တီးဖို့ ကျွန်တော်တို့ နဲ့ ဆက်သွယ်လိုက်ပါ။ #venuslab #idea_to_impact #web_development

by Admin