banner image

Sharing is a better way to grow the good impact

blog

Mobile Game တွေ ဘာလို့ Popular ဖြစ်လာသလဲ?

Invalid date | Game Development | by

အင်တာနက်တွေ လွယ်လွယ်ကူကူ သုံးစွဲလို့ ရနေတာတွေ ၊ Mobile Phone တွေ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာတာတွေဟာ Mobile Game Industry တွေကို လျှင်လျှင်မြန်မြန် တိုးတာလာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အရင်တုန်းကတော့ Mobile Phone တွေဟာ ဆက်သွယ်ရေး ပစ္စည်းတစ်ခုအဖြစ်သာ သုံးစွဲခဲ့ပေမဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်လာချိန်မှာတော့ လူတွေဟာ မိုဖိုင်းဖုန်းတွေကို Entertainment အတွက်ပါ ယှဉ်တွဲ အသုံးပြုလာကြပါပြီ။ Entertainment တစ်ခုဖြစ်တဲ့ Mobile Game ဟာလည်း လူတွေ စိတ်ဖျော်ဖြေဖို့ အကောင်းဆုံး အရာထဲက တစ်ခုဖြစ်လာပါတယ်။ အရင်တုန်းက Console တွေပေါ်မှာသာ ဂိမ်းတွေ ကစားခဲ့ပေမဲ့ အခုဆိုရင် လက်ထဲမှာ ရှိတဲ့ ဖုန်းတွေထဲကနေ ကိုယ်ကစားချင်တဲ့ ဂိမ်းတော်တော်များများကို ကစားလို့ရနေပါပြီ။ တကယ့် Console တွေ PC Game တွေနဲ့ ယှဉ်ရင်တော့ Mobile Game တွေဟာ သေးငယ်တယ်။ ဈေးသက်သာတယ်။ ပြီးတော့ တကယ့် ဂိမ်းတွေမှာ ပါတဲ့ Content တွေနဲ့ ယှဉ်ရင် ပါဝင်မှု နည်းပါးပါတယ်။ ဒါပေမဲ့လည်း လူတန်းစားမရွေး Hand Phone လက်ဝယ်ရှိလာချိန်မှာတော့ အဲဒီကွာခြားချက်ကြီးဟာ သာမာန်လူတွေအတွက် အရေးကြီးတဲ့အချက် မဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း နောက်ပိုင်း Game Company တွေဟာ Mobile Platform ပေါ်ကို အာရုံစိုက်လာကြပါပြီ။ ပြီးတော့ မိုဘိုင်းဂိမ်းတွေ ဘာလို့ အောင်မြင်လာတာလည်းဆိုတာကို ပြန်ကြည့်မယ်ဆိုရင် အောက်က အချက်တွေကို တွေ့ရမှာပါ။ 1) Convnience ဖြစ်ပါတယ်။ Busy Life ကို ပိုင်ဆိုင်ထားတဲ့သူတွေအတွက် Console ရှေ့မယ်ထိုင် ဂိမ်းဆော့မယ်ဆိုတာ အချိန်မပေးနိုင်တော့တဲ့အချိန်မှာ လမ်းသွားရင်း ကားပေါ် ရထားပေါ် မှာ လွယ်လွယ်ကူကူဆော့နိုင်တာမျိုးက အဆင်ပြေလာပါတယ်။ နောက်ဆုံး အလုပ် Break time အချိန်မှာ ခဏ ဝင်ဆော့တာမျိုးကလည်း အလုပ်မအားတဲ့သူတွေအတွက် ခဏတာ ဖျော်ဖြေမှုကို ရရှိစေပါတယ်။ 2) Cost (ဈေးနှုန်း) ကြောင့်လည်းပါပါတယ်။ ဆက်သွယ်ရေးပစ္စည်းအဖြစ် လူတိုင်းလက်ထဲ ဖုန်းရှိနေတဲ့အချိန်မှာ ဆော့ချင်တဲ့ ဂိမ်းကို ဆော့ဖို့ဆိုတာ Free to Play ရွေးချယ်စရာ ဂိမ်းတွေ အများကြီးရှိနေတာက တခြား Consol ဂိမ်းတွေနဲ့ မတူတဲ့အချက်ပါ။ PC တစ်လုံးဆင်မယ်၊ Console တစ်လုံး ဝယ်မယ်ဆိုရင် ငွေကြေးကုန်ကျမှု နှုန်းက များပြားပါလိမ့်မယ်။ ဒါကြောင့် လူတန်းစားမရွေး သုံးစွဲနိုင်တဲ့ လက်ကိုင်ဖုန်းမှာ ကစားနိုင်တဲ့အတွက် Mobile Game တွေဟာ Popular ဖြစ်လာတာပါ။ 3) Ease to use အသုံးပြုရတာ အဆင်ပြေပါတယ်။ ကိုယ့် PC က Graphic နဲ့ မကိုက်လို့ မဆော့ရဘူး ၊ Consol မရှိလို့ မဆော့ရဘူးဆိုတာမျိုးက Mobile မှာ Game ကိုစဆော့မဲ့ Beginner တွေအတွက် ပြသနာ မဟုတ်ပါဘူး။ Mobile Game တွေဟာ တခြား PC / Console တွေကို မရှုပ်ထွေးဘဲ ရိုးရှင်းတဲ့အတွက် အခုမှ ဂိမ်းစဆော့မဲ့ သူတွေအတွက်လည်း လွယ်ကူပါတယ်။ 4) Social Gaming Leader Board တွေ Score Board တွေ ပါလာတာက လူတွေရဲ့ ယှဉ်ပြိုင်မှုကို ပိုပြီးပြင်းထန်လာသလို Social တစ်ခုကို ဖန်တီးပေးလိုက်ပါတယ်။ 5) Innovation တစ်ရက်ပြီးတစ်ရက် မတူညီတာတွေ ထွက်ထွက်လာတဲ့ ခေတ်မှာ Gaming Company တွေဟာ တစ်ခုနဲ့တစ်ခု နောက်ကျကျန်ခဲ့လို့မရပါဘူး။ ဒါကြောင့် မတူညီတဲ့ အသစ်အသစ်တွေ ကိုဖန်တီးနေရပြီး ကိုယ့် User တွေ မဆုံးရှုံးသွားအောင် ကြိုးစားနေရပါတယ်။ ဒါကြောင့် ဂိမ်းကစားသူတွေဟာလည်း မတူညီတဲ့ ဂိမ်းတွေမှာ မတူညီတဲ့ ဆန်းသစ်မှုတွေကို ခံစားလို့ ရပါတယ်။ တကယ်တမ်းပြောမယ်ဆိုရင် Mobile Game Industry ဟာ ဖွံ့ဖြိုးစပြုနေတဲ့ Industry တစ်ခုလို့ ပြောလို့ရပါတယ်။ တကယ်လို့ ကိုယ့် စီးပွါးရေးလုပ်ငန်းကို Mobile Game နဲ့ Integrate လုပ်နိုင်မယ်ဆိုရင်တော့ ကိုယ့်ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာနေမှာဖြစ်ပါတယ်။ ကိုယ့် စီးပွါးရေးလုပ်ငန်းအတွက် Mobile Game လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venuslab ရဲ့ Game Team နဲ့ ဆက်သွယ်ပြီး ဖန်တီးနိုင်ပါတယ်။ အသေးစိတ်ကိုတော့ 09 972 709001 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ #venuslab #myanmargame #idea_to_impact

by Admin