banner image

Sharing is a better way to grow the good impact

blog

သင့်ရဲ့ Business Website ကို Effective ဖြစ်စေဖို့

Invalid date | Web Development | by

နည်းပညာတွေ ဖွံ့ဖြိုးလာတာနဲ့အတူ Website တွေပေါ် ရောက်လာခဲ့တဲ့ Business တွေဟာလည်း တဖြည်းဖြည်းနဲ့ များပြားလာပါပြီ။ ဒါပေမဲ့ ရှိနေတဲ့ Website တွေ effective ဖြစ်လားမဖြစ်လား ဘယ်သူမှ သတိမထားမိပါဘူး။ တကယ်တော့ Business တစ်ခုအတွက် Website ဆိုတာ Customers တွေကို စွဲဆောင်ဖို့ အတွက်ပါ။

Customer တွေ Website ထဲ ဝင်ကြည့်တဲ့အခါ ဘာလုပ်ကြသလဲ ? Website ထဲမှာ ထည့်ထားတဲ့ Contact ကနေ ဖုန်းခေါ်ချင်ခေါ်မယ်။ ကိုယ်တင်ထားတဲ့ ရောင်းနေတဲ့ ပစ္စည်းတွေကို ဝင်ကြည့်ချင်ကြည့်မယ်။ ဒါတွေကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ Website တစ်ခုဟာ အပေါ်က ပြောသွားတာတွေထက် ပိုပြီး လုပ်ဆောင်နိုင်စွမ်းရှိပါတယ် Leads တွေကိုသာမက Sales ကိုပါ Generate လုပ်ပေးနိုင်ပါတယ်။

ဒါဆိုရင် ကိုယ့် Business Website ကို Effective ဖြစ်အောင် ဘယ်လိုလုပ်မလဲ ?

၁) Make it look good
Website ကိုဝင်လိုက်တာနဲ့ သုံးထားတဲ့ Template ကြီးက စုတ်ပြတ်နေပြီး ကြည့်မကောင်းဖြစ်နေရင် Customer တွေကို စွဲဆောင်နိုင်မှာမဟုတ်ပါဘူး။ First Impression ကောင်းနေမှသာ Customers တွေကို ကိုယ့် Website မှာ အချိန်ကြာကြာနေစေမှာဖြစ်ပါတယ်။ နာမည်ကြီး Company တစ်ခုဖြစ်တဲ့ Adobe ရဲ့ လေ့လာတွေ့ရှိချက်အရ ၃၈ ရာခိုင်နှုန်းသော လူတွေဟာ Website ရဲ့ Content / Layout က စွဲဆောင်မှု မရှိရင် အဲ့ Website ကို နောက်တစ်ခါ ဝင်မကြည့်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ကြည့်ကောင်းအောင် ပြင်ဆင်ထားသင့်ပါတယ်။

၂) Make it easy to contact you
ဆက်သွယ်လို့ လွယ်ကူအောင်လုပ်ထားသင့်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက လုပ်ငန်းရှင်တွေဟာ သူတို့ Website မှာ ဆိုင်ရဲ့ Location address , phone number နဲ့ email ကိုထည့်ထားတတ်ကြပါတယ်။ ဒါပေမဲ့လည်း တော်ရုံဘယ်သူကမှ Website ထဲဝင်ကြည့် ဖုန်းနံပါတ်ကိုမှတ်ပြီး ဖုန်းခေါ်တာမျိုး မလုပ်ကြပါဘူး။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ Potential Customers တွေ ကိုယ့်ကို လွယ်လွယ်ကူကူဆက်သွယ်နိုင်ဖို့ contact form လိုမျိုးလေး ထည့်ထားပေးသင့်ပါတယ်။ Contact Form ကနေရလာတဲ့ Leads တွေဟာလည်း နောက်ပိုင်း ကိုယ့် စီးပွါးရေးလုပ်ငန်းအတွက် အသုံးဝင်လာနိုင်တဲ့ Data တွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး Customers တွေဟာ ပစ္စည်းမဝယ်ခင်မှာ အဲ့ပစ္စည်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိချင်တာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် Website မှာ Chatbot ထည့်ထားခြင်းမျိုးကလည်း ကိုယ်နဲ့ Customers ကြားဆက်ဆံရေးကို တိုးတက်စေမှာ ဖြစ်ပါတယ်။

၃) Start a blog

Business Website ကို Effective ပိုပြီးဖြစ်စေတဲ့နောက်တစ်ခုကတော့ Blog ပဲဖြစ်ပါတယ်။ Blog ရေးသားခြင်းဟာ ကိုယ့် Website ကို လူပိုလာစေရုံသာမက သူတို့ကို ကိုယ့် Business ရဲ့ Customer တစ်ယောက်ဖြစ်လာဖို့အတွက်ပါ အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့ Business Blog ဆိုတာ ကိုယ့်ရဲ့ Diary မဟုတ်တာကို သတိပြုပါ။ ဒါကြောင့် ကိုယ့်ခံစားချက် ၊ အတွေးတွေကို ရေးမဲ့အစား လာဖတ်တဲ့ Reader တွေကို ပညာပေးတာမျိုး၊ အသိပညာတွေကို မျှဝေတာမျိုး လုပ်သင့်ပါတယ်။ ဥပမာ ကိုယ်ရောင်းနေတာ Organic စားသောက်ကုန် ဖြစ်နေရင် ကျန်းမာရေးနဲ့ ပတ်သက်တာမျိုး ၊ Organic Food ရဲ့ Benefits တွေကိုရေးသင့်ပါတယ်။ တဖြည်းဖြညကိုယ့်စာဖတ်သူတွေဟာ ကိုယ့်ရဲ့ Product ကို ပိုက်ဆံပေးစားသုံးတဲ့ Customer ဖြစ်လာနိုင်ပါတယ်။

၄) Include a strong call to action.
Business Website တွေရဲ့ အမှားတစ်ခုကတော့ Website မှာ Strong Call To Action Button ကိုထည့်မထားတာပါပဲ။ Customers တွေ ကိုယ့် Webstie ကိုလာတယ်။ ကိုယ့်အနေနဲ့ Customer ကို ဘာလုပ်စေချင်တာလဲ ? လုပ်စေချင်တဲ့အရာကို Call To Action Button ထည့်ပြီး လုပ်စေခြင်းက ကိုယ့် စီးပွါးရေးကို အထောက်အကူဖြစ်စေမှာပါ။ နောက်ပြီး Website ကို လာတဲ့ Customers တွေကို Action မလုပ်ခိုင်းဘူးဆိုရင် သူတို့အနေနဲ့ ဒီတိုင်း ဝင်လာ လျှောက်ကြည့်ပြီး တစ်ခြား Website ကို ရောက်သွားမှာ ဖြစ်ပါတယ်။ Call to action အနေနဲ့ Buy Now မဟုတ်ဘဲ တခြားအရာတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ Call Now, Book an Appointment , Get a quote စတာတွေကိုပါ CTA Button အနေနဲ့ ထည့်လို့ရပါတယ်။

၅) Add Social Proof
ကိုယ့် Website ကိုလာလည်တဲ့သူတွေကို ပိုပြီး ယုံကြည်အောင် Social Proof တွေကို ထည့်ထားသင့်ပါတယ်။ ဒါမှလည်း website ကိုလာလည်တဲ့ သူတွေဟာ ကိုယ့်ပြိုင်ဘက်တွေထက် ကိုယ့်ကို ရွေးချယ်မှာဖြစ်ပါတယ်။ ကိုယ့် Website မှာ ကိုယ့် Customer တွေရဲ့ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှုကို ပြထားမယ်ဆိုရင် website ကိုလာလည်တဲ့သူတွေဟာလည်း ကိုယ့်ရဲ့ customer ဖြစ်ချင်လာစိတ်ကို လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ။ ဥပမာ Amazone ရဲ့ Product တွေမှာ Customer Reviews ထည့်ထားသလိုမျိုးပါ။ Social Proof လို့ပြောရင် Customer Review တစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ့် Business ရဲ့ Case Study တွေ၊ Testimonials တွေ ၊ ကိုယ့် Clients ရဲ့ Logo တွေ၊ ကိုယ်ရောင်းချခဲ့တဲ့ Product / Customers အရေအတွက် တွေ၊ Media မှာ ပါဝင်ခဲ့မှုတွေ စတာတွေအကုန်လုံးပါဝင်ပါတယ်။


ကိုယ့် Business website ဟာ Online ပေါ်မှာ ရှိရုံတင် ရှိသင့်တာမဟုတ်ပါဘူး။ အဲ့ဒီ Website ကနေ Leads တွေ Sales တွေကို Generate လုပ်တာမျိုးကို လုပ်သင့်ပါတယ်။ အပေါ်က ပြောခဲ့တဲ့ Tips တွေနဲ့ ကို သုံးပြီးတော့ ကိုယ့် Website ကိုလာလည်တဲ့ သူတွေကို ကိုယ့် Customers တွေအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

ဒါမှမဟုတ် Website မရှိသေးဘူး။ ရှိပေမဲ့ Website ကို အသွင်ပြောင်းချင်တယ်။ ပိုပြီး ကောင်းမွန်တဲ့ Website မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venus Lab နဲ့ ဆက်သွယ်လိုက်ပါ။ လူကြီးမင်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းတွေကို Digitally အသွင်ပြောင်းလဲပေးဖို့ ကျွန်တော်တို့ Venus Lab မှ ကူညီပေးနိုင်ပါတယ်။

by Admin