banner image

Sharing is a better way to grow the good impact

blog

Business Website (5 မျိုး)

Invalid date | Web Development | by

မတူညီတဲ့ စီးပွါးရေးလုပ်ငန်းတွေအတွက် မတူညီတဲ့ Marketing Strategy တွေရှိသလို Digital ပေါ်တက်မယ်ဆိုရင်လည်း မတူညီတဲ့ Website တွေ ဖန်တီးနိုင်ပါတယ်။ ကိုယ့် business ဟာ Goals တွေအများကြီး ထည့်သွင်းထားမယ်ဆိုရင် ဝင်ရောက်ကြည့်ရှု့မဲ့ User တွေကို စိတ်ရှုပ်ထွေးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့် Business က ဘာကို Focus ထားချင်တယ်ဆိုတာကို သေချာစဉ်းစားသင့်ပါတယ်။ အောက်မှာတော့ မတူညီတဲ့ လုပ်ငန်းတွေအတွက် မတူညီတဲ့ Business website ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ 1) The e-commerce website E-commerce website တွေရဲ့ ရည်ရွယ်ချက်ကတော့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ပါ။ Amazon လိုမျိုး အမျိုးမျိုးသော ပစ္စည်းတွေကို ရောင်းချနိုင်သလို ၊ Woo Audio's ရဲ့ WA-234 MONO လိုမျိုး ကုန်ပစ္စည်းတစ်မျိုးတည်းကို ရောင်းချတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ e-commerce website တွေရဲ့အဓိက Goals ကတော့ Visitor တွေကို ကိုယ့်Website ကိုလာပြီးတော့ ပစ္စည်းဝယ်စေချင်တာမျိုးပါ။ ဒါကြောင့် website မှာ ရှိတဲ့ ဘယ်လို Page မျိုးမှာမဆို ကိုယ့် Visitor ကို ကိုယ့် Product ကို ဝယ်ယူရလွယ်ကူစေတဲ့ CTR Button တွေ ထည့်ထားပေးသင့်ပါတယ်။ 2) The Branding Website ပုံမှန် Branding Website တွေမှာဆိုရင်တော့ Company အကြောင်း ၊ Product / Service အကြောင်းတွေကို တွေ့ရမှာပါ။ Branding Website တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ User တွေကို ကိုယ့် Brand နဲ့ အကျွမ်းတဝင်ဖြစ်ဖို့ရယ် ကိုယ့် Brand နာမည်ကို မှတ်မိစေဖို့အတွက်ရယ် ဖြစ်ပါတယ်။ Example ပြောရမယ်ဆိုရင်တော့ Pepsi ရဲ့ Crystal Pepsi website ဟာ Branding Website ဖြစ်ပါတယ်။ အဲဒီ Website မှာတော့ သူတို့ရဲ့ Product အဟောင်းတွေကို Promote လုပ်ဖို့ ဖြစ်ပြီးတော့ 1990 ပြည့်နှစ်က Popular ဖြစ်ခဲ့တဲ့ Product တွေသာမက သိပ်မကြာခင်က ထွက်ရှိခဲ့တဲ့ Product အကြောင်းတွေကိုပါ တွေ့ရမှာပါ။ သုံးထားတဲ့ Website Design ဟာလည်း 90 ပြည့်နှစ် အလယ်လောက်က Trend ဖြစ်ခဲ့တဲ့ Design ကို သုံးထားတဲ့အတွက် လူတွေကို အရင်တုန်းက အကြောင်းတွေကို ပြန်လည်တွေးတောစေမိတဲ့အထိ စွဲဆောင်နိုင်စွမ်းရှိပါတယ်။ 3) The Lead Generation Website Lead Generation Website တွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ Leads တွေကို ရယူဖို့ပါပဲ။ တကယ်လို့ ကိုယ့် Visitor ကို Sale Funnel ထဲထည့်ချင်တယ်၊ ဒါမှမဟုတ် ကိုယ့် Visitor နဲ့ ပိုပြီးကောင်းမွန်တဲ့ Relationship ကိုရချင်တယ်ဆိုရင်တော့ Lead Generation Website တွေဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ Woodo Holding ဆိုရင်လည်း Lead Generation အတွက် website တစ်ခုကို တည်ဆောက်ထားပါတယ်။ ကိုယ့် Brand နဲ့ လိုက်ဖက်ညီတဲ့ Landing Page ကို ကိုယ့် ရဲ့ Corporate Website ကနေ သပ်သပ်ဖယ်ထုတ်ပြီးတော့ Landing Page ကိုရောက်လာတဲ့သူတွေကို စိတ်အာရုံ လွင့်သွားစေမဲ့ အရာတွေမထည့်ဘဲ ကိုယ်လိုချင်တဲ့ ဒေတာတွေကိုသာ အာရုံစိုက်ပြီး ထည့်ခိုင်းနိုင်တာမျိုးပါ။ 4) The Publishing Website The Publishing Website ဆိုတာကတော့ news website တွေ blogs တွေနဲ့ အသွင်တူပါတယ်။ သူတို့တွေကတော့ အဓိကအားဖြင့် ကြေငြာတွေ Sponsor Content တွေ ကနေ အမြတ်အစွန်း ရယူတာမျိုးပါ။ Career Girl Daily website ကလည်း ကောင်းမွန်တဲ့ ဥပမာတစ်ခုပါပဲ။ 5) The Support Website The Support Website ကတော့ Tech Companies အကြီးတွေ သုံးလေ့ရှိပြီးတော့ သူတို့ရဲ့ Hardware , Software နဲ့ Service တွေကို Support လုပ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့ Website ဖြစ်ပါတယ်။ Apple ရဲ့ Supoort website ဟာ ဒီ Site အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒီ Website မှာတော့ FAQ တွေ ၊ Support Department ကို ဆက်သွယ်ဖို့ရယ်။ အသစ်ထွက်တဲ့ Software တွေရယ်၊ Driver Patches တွေ Community Forums တွေပါဝင်ပါတယ်။ စီးပွါးရေးအမျိုးအစား အများအပြားရှိသလို ၊ စီးပွါးရေးနဲ့လိုက်ပြီး မတူညီတဲ့ Business Website တွေဟာလည်းရှိပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ကိုယ့် လုပ်ငန်းအမျိုးအစားနဲ့ ကိုက်ညီမဲ့ Website တစ်ခုဖန်တီးချင်တယ်။ ဒါပေမဲ့ ဘယ်လို Website မျိုး ဖန်တီးရမယ်ဆိုတာ မသိဘူး ဖြစ်နေရင်တော့ ကျွန်တော်တို့ Venuslab နဲ့ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ Venuslab ရဲ့ ဖုန်းနံပါတ် 09 972 709001 ကို ဆက်သွယ်ခေါ်လိုက်တာနဲ့ လူကြီးမင်းတို့ လုပ်ငန်းနဲ့ လိုက်ဖက်မဲ့ Business Website အမျိုးအစားကို အခမဲ့ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုပဲ ကျွန်တော်တို့ Venuslab ရဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်တော့နော်။ #venuslab #idea_to_impact #web_developing

by Admin