banner image

Sharing is a better way to grow the good impact

blog

Hotel တွေမှာ ဘာကြောင့် Online Booking System ထားရှိသင့်သလဲ ?

Invalid date | Apps/Software Development | by
Hotel တိုင်းရဲ့ Goals ကတော့ အခန်းတွေ ပိုငှားရပြီး အကျိုးအမြတ်တွေ ပိုရရှိဖို့ပါပဲ ။ ဒါပေမဲ့လည်း Online Booking System မရှိသေးရင်တော့ ကိုယ့်ဆီဝင်လာမဲ့ ဖုန်း တွေ ၊ Walk-ins တွေကနေကလွဲပြီး အခန်းငှားဖို့အတွက်ဟာ ရွေးချယ်စရာမရှိပါဘူး။ ဒါကြောင့် ဟိုတယ်တွေအတွက် Online Booking Platform တစ်ခုဟာ လိုအပ်လာပါတယ်။ ဒါဆိုရင် ကောင်းမွန်တဲ့ online booking system တစ်ခုဟာ ကိုယ့်အတွက် ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲ ? ၁) သူတို့ဟာ 24/7 အလုပ်လုပ်ပါတယ်။ Online Booking System တစ်ခုဟာ ၂၄ နာရီ ၇ ရက်ပတ်လုံး အလုပ်လုပ်ပါတယ်။ အဲဒီအချက်ဟာ Potential Visitors တွေကို သူတို့ကြိုက်တဲ့အချိန် ကြိုက်တဲ့ အခန်းကို ငှားနိုင်ဖို့အတွက် ထောက်ပံ့မှုပေးပါတယ်။ ကိုယ့်ရဲ့ Working Hours မဟုတ်ဘဲနဲ့ကို Sale တက်အောင် လုပ်နိုင်ပါတယ်။ စစ်တမ်းတွေအရ 24/7 online booking system ဟာ Hotel Booking ရဲ့ အခန်းအရေအတွက်ကို တိုးပွါးစေပါတယ်။ ၂) Management လုပ်ရတာသက်သာပါတယ်။ Online Booking System ဟာ ကိုယ့်ဝန်ထမ်းတွေကို အလုပ်လုပ်ရတာ ပိုပြီး သက်သာ အဆင်ပြေစေပါတယ်။ ဖုန်းရှေ့တစ်နေကုန်ထိုင်နေပြီး ကိုယ့်ဧည့်သည် ဖုန်းခေါ်လာတာကို စောင့်နေစရာမလိုတော့ပါဘူး။ ၃) ကိုယ့် လုပ်ငန်းအတွက် ပိုပြီးကောင်းမွန်တဲ့ Insights တွေကို ရယူနိုင်ပါတယ်။ နောက်ပိုင်း systems တွေမှာ analytics tools တွေပါ ပါဝင်လာပါတယ် ။ ဒါကြောင့် ပြုလုပ်သွားတဲ့ Reservation တိုင်းအတွက် သက်ဆိုင်တဲ့ ပတ်သက်တဲ့ Details တွေကို Track လုပ်လို့ရပြီးတော့ ကိုယ့် ဧည့်သည်တွေရဲ့ အကြောင်းတွေကို ပိုပြီးသိနိုင်သလို ကိုယ့်ဆီမယ် ဘယ်အခန်း ဘယ်လိုမျိုးက အငှားရဆုံးလည်း ဆိုတာမျိုးကိုလည်း သိရှိနိုင်ပါတယ်။ ရောင်းကောင်းဆုံးနေရာကို Upgrade လုပ်နိုင်ပြီးတော့ လိုအပ်တဲ့နေရာတွေကိုလည်း ပြန်လည် ဖြည့်တင်းနိုင်ပါတယ်။ ၄) Revenues ကိုတိုးစေပါတယ်။ Online booking system ကိုအသုံးပြုပြီးတော့ add-ons တွေကို အသုံးပြုပြီးတော့ ကိုယ့် ဟိုတယ် Package တွေကို ဖန်တီးနိုင် ၊ ကြေငြာနိုင်တာပါပဲ ။ Customer တွေ အနေနဲ့လည်း သူတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Package တွေကို စိတ်ကြိုက်နှစ်သက်ရာ ရွေးချယ် ယူနိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို ရနိုင်တဲ့အပြင် Company အတွက်လည်း အမြတ်အစွန်းကို ပိုပြီး ရရှိစေမှာပါ။ ၅) ဧည့်သည်တွေ ပေါ်မလာတာမျိုးကို လျှော့နည်းစေပါတယ်။ Hotel တွေဒုက္ခရောက်တဲ့အချက် ဧည့်သည်တွေဟာ ဖုန်းတွေဆက် စာတွေပို့ပြီး လာမယ်ပြောထားပေမဲ့ အဲဒီဧည့်သည်တွေ ပေါ်မလာတာမျိုးပါ။ Online booking system ရှိတဲ့အခါ အဲဒီအချက်တွေဟာ တော်တော်လျှော့နည်းသွားမှာပါ။ ဘာလို့လည်းဆိုတော့ သူတို့သည် တကယ်လာချင်တဲ့အတွက်ကြောင့်သာ System ထဲကို ဝင်ပြီး Book လုပ်တာ ဖြစ်လို့ပါ။ ၆) Paymens တွေဟာ ပိုမိုလွယ်ကူပြီးမြန်ဆန်ပါတယ်။ Online Booking System ကို အသုံးပြုခြင်းဟာ ငွေပေးချေမှုကို ပိုပြီးမြန်ဆန် လွယ်ကူစေပါတယ်။ ကိုယ့် Customers တွေကို ကိုယ့်ဆီက အခန်း Book ကတည်းက Payments တွေကို ကြိုတင်တောင်းခံထားနိုင်ပြီးတော့ သူတို့တွေ ပေါ်မလာတဲ့အခါမှာလည်း ကြိုတင်ပေးငွေထဲကနေ % တစ်ခုအနေနဲ့ ရယူနိုင်မှာပါ။ ကမ္ဘာကြီးက Digital ဘက်ပြောင်းလာတဲ့အခါ Customers တွေဟာလည်း သူတို့ လိုအပ်ချက်တွေအားလုံးကို Internet ပေါ်ကနေ ရှာဖွေလာကြပါပြီ။ ဒီအချိန်မှာ ကိုယ့်အနေနဲ့ Digital ပေါ်မှာ Presence တစ်ခုကို မတည်ဆောက်ထားရင် ကိုယ့်ပြိုင်ဖက်တွေနဲ့ ယှဉ် ခြေတစ်လှမ်းနောက်ကျနေမှာပါ။ နောက်ပြီး Online User တွေဆီကနေ ရရှိနိုင်တဲ့ အကျိုးအမြတ်တွေကို လက်လွတ်ဆုံးရှုံးရပါလိမ့်မယ်။ Online Booking System တစ်ခုရှိထားရင်တော့ သင်ဟာ Digital ခေတ်ကြီးမှာ ပြိုင်ဖက်တွေထက် သာလွန်နေမှာပါ။ တကယ်လို့ မိတ်ဆွေတို့ အနေနဲ့ ကိုယ့် Hotel တွေအတွက် Online Booking System တစ်ခု ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venuslab က အကောင်းမွန်ဆုံး ရွေးချယ်မှု ဖြစ်မှာပါ။ ကျွန်တော်တို့ Venuslab ဟာ အတွေ့အကြုံရင့် ပညာရှင်တွေ ၊ နည်းပညာသမားတွေနဲ့ ဖွဲ့စည်းထားတာမလို့ လူကြီးမင်းတို့ လုပ်ငန်းနဲ့ အကောင်းမွန်ဆုံးဖြစ်မဲ့ Solution တွေကို "အခမဲ့" Consult လုပ်ပေးနေတဲ့အပြင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းကို Digitally Transform လုပ်ဖို့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။ ဒါကြောင့် လူကြီးမင်းတို့ လိုအပ်ချက်တွေအတွက် အခမဲ့ ဆွေးနွေးတိုင်ပင်ပေးနိုင်တဲ့ Venuslab နဲ့ အခုပဲ ဆက်သွယ်လိုက်ပါတော့။ #venuslab #idea_to_impact #online_booking_system
by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab