banner image

Sharing is a better way to grow the good impact

blog

စီးပွါးရေးမှာ AR ကို ဘယ်လို အသုံးချမလဲ ?

Invalid date | Apps/Software Development | by

Augmented Reality လို့ ခေါ်တဲ့ AR တွေဟာ လက်တွေ့ဘဝနဲ့ Digital World ရဲ့ ပေါင်းကူးတံတားဖြစ်ပါတယ်။ AR ရဲ့ အဓိက အားသာချက်ကြီးတစ်ခုကတော့ AR အတွက် သုံးဖို့လိုတဲ့ Hardware (Phones နဲ့ Tablets) တွေဟာ လူတိုင်း အသုံးပြုနေတဲ့အရာဖြစ်နေလို့ပါပဲ ။ အသုံးပြုနှုန်းကလည်း ဒီထက်ပိုပြီး တိုးလာဖို့ပဲရှိပါတယ်။ Juniper Research ရဲ့ စာတမ်းအရ 2022 မှာ AR ရဲ့ Market Value ဟာ 26.1 Billion ထိ တိုးလာမယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နည်းပညာတွေ မြှင့်မားလာတာနဲ့အမျှ AR ရဲ့ စီးပွါးရေးလုပ်ငန်းမှာ ပါဝင်လာနိုင်မှုဟာလည်း မြှင့်တက်လာနိုင်ဖွယ်ရှိပါတယ်။ ဒါဆိုရင် AR တွေကို စီးပွါးရေးလုပ်ငန်းတွေမှာ ဘယ်လို အသုံးချကြမလဲ ? Companies တွေ အားလုံးရဲ့ တူညီတဲ့ Goal ကတော့ ကိုယ့် Customers တွေကို ကိုယ့်ရဲ့ Product တွေ Service တွေကို ဝယ်ယူသုံးစွဲစေချင်တာပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက် လုပ်ငန်းတွေအနေနဲ့ ကိုယ့် Product သုံးစွဲသူတွေကို Educate လုပ်ပေးဖို့ လိုသလို Potential Clients တွေနဲ့လည်း Engage ဖြစ်တာမျိုး ကိုယ့် အနာဂါတ် စီးပွါးရေးအတွက်လည်း ကိုယ့် Customers တွေနဲ့ မျက်ခြေမပြတ်စေဖို့ လိုအပ်ပါတယ်။ AR မှာတော့ အပေါ်ကအချက်တွေအကုန်လုံးကို ဆောင်ရွက်ပေးနိုင်တဲ့အပြင် တကယ့် ပတ်ဝန်းကျင် အစစ်အမှန်ပေါ်မှာတင် Operate လုပ်နိုင်ပါတယ်။ AR ကို အသုံးချပြီးတော့ Customer တွေကို Visual တွေ ၊ Auditory အပြင် အထိအတွေ့တွေနဲ့ပါ ပိုပြီး နက်နက်ရှိုင်းရှိုင်း Engage လုပ်ပေးနိုင်ပါတယ်။ Google's ARCore , Apple's ARKit တို့လို Mobile Version AR tools တွေရှိနေတဲ့အတွက်လည်း AR ကို ကိုယ့် Business မှာ သေချာအသုံးချနိုင်မယ်ဆိုရင် mobile phone ကိုင်ထားတဲ့သူတွေထဲက တစ်ချို့ တစ်ဝက်ဟာလည်း ကိုယ့် Potential Clients တွေလို့ ပြောလို့ ရလာပါပြီ။ ဒါဆိုရင် ဘယ်လို Industries မှာ AR ကို အသုံးပြုကြလဲ ? ဒီခေတ်ကြီးထဲမှာ နေရာတော်တော်များများမှာ တိုးတက်နေတဲ့ နည်းပညာတွေကို အသုံးချနေတဲ့ Market တွေဟာ တော်တော်များပါတယ်။ ဥပမာ Design , E-commerce , Real Estate , Healthcare နဲ့ Manufacturing လုပ်ငန်းတွေပါ။ အစောပိုင်းမှာ AR တွေကို Training တွေ Education တွေအတွက် ရည်ရွယ်ပြီး အသုံးချခဲ့ပါတယ်။ ဥပမာ ဆေးရုံမှာဆို Service Staff တွေကို သူတို့ တာဝန်တွေ ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာကို Guide လုပ်ပေးတာမျိုးပါ။ Manufacturing လုပ်ငန်းတွေမှာလည်း အရင်က စက်တွေ ဆင်ရင် Manual တွေဖတ်ပြီး ဆင်ခဲ့ရပေမဲ့ အခုအချိန်မှာတော့ AR ပေါ်မှာတင် Pratice လုပ်ပြီးတော့ စက်တွေကို အစမ်းဆင်လို့ရနေတာကြောင့် အမှားတွေနည်းပြီးတော့ အဆုံးအရှုံးလည်း နည်းစေပါတယ်။ e-commerce တွေမှာဆိုရင်လည်း AR ကိုအသုံးချပြီးတော့ သူတို့ရဲ့ Brand တွေအတွက် ပိုပြီးကောင်းမွန်တဲ့ Engagement ရရှိအောင် လုပ်ဆောင်ကြပါတယ်။ Customer တွေအနေနဲ့ e-commerce ပေါ်ကနေ စျေးဝယ်ရင် အရင်က ကိုယ်ကြိုက်နှစ်သက်ရာကို အစမ်း ဝတ်ဆင်လို့ မရခဲ့ပေမဲ့ ၊ AR ကို အသုံးပြုမယ်ဆိုရင်တော့ ကိုယ်နှစ်သက်တဲ့ ပစ္စည်းဟာ ကိုယ်နဲ့ လိုက်ဖက် မလိုက်ဖက်ဆိုတာကိုပါ သိရှိနိုင်တာကြောင့် Customer တွေအတွက် စိတ်ကျေနပ်မှု ပိုမိုရရှိစေသလို Sale တွေကိုလည်း ပိုပြီး တက်စေပါတယ်။ Medical နဲ့ Healthcare industry မှာဆိုရင်လည်း Brain Operations လုပ်တာတွေ ၊ သွေးကြောတွေ ပြန်ဆက်တာမျိုးတွေ လုပ်ဆောင်တဲ့အချိန်မှာ AR ကိုပါ ထည့်သွင်းအသုံးချနေကြပါတယ်။ နောက်ပြီး ဆေးတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသားတွေကိုလည်း သင်ကြားရာမှာ အသုံးပြုပါတယ်။ Human Anatomy Atlas ဆိုတဲ့ App ဟာ ကျောင်းသားတွေကို လူ့ခန္ဓာတစ်ခု ဘယ်လို ဖွဲ့စည်းတည်ဆောက်ထားတယ်ဆိုတာမျိုးကို 3D ပုံစံနဲ့ ပြသထားပါတယ်။ Marketing အနေနဲ့ ပြောမယ်ဆိုရင် User တစ်ယောက်ဟာ ကိုယ့် Product ကို AR နဲ့ ကြည့်လိုက်တာနဲ့ ဘေးမှာ ကိုယ့် Product အကြောင်းတွေ အသေးစိတ် ဖော်ပြပေးထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Marketer တွေဟာ ပိုပြီးကောင်းမွန်တဲ့ Storytelling တွေကို ဖန်တီးနိုင်မှာပါ။ Construction ပိုင်းမှာဆိုရင် Construction Modelling အတွက် AR ကို အသုံးချပြီးတော့ ငွေကြေးနဲ့ အချိန် ကုန်ကျမှုကို လျှော့ချနိုင်ပါတယ်။ AR ကိုသုံးပြီး Engineers တွေနဲ့ Contractors တွေဟာ ဆောက်လုပ်မှု အဆင့်တိုင်းမှာ မှန်မှန်ကန်ကန် ရွေးချယ်ဆောင်ရွက်နိုင်မှာြဖစ်ပါတယ်။ Digi-Capital's ရဲ့ စစ်တမ်းအရဆိုရင် AR applications တွေဟာ လာမဲ့ ၅ နှစ်အတွင်းမှာ 3.5 billion အထိ Installed လုပ်ပြီး သုံးစွဲမဲ့သူတွေ ရှိလာမယ်လို့ ဆိုပါတယ်။ Mobile Apps တွေရဲ့ Evolve ဖြစ်မှုနဲ့ အတူ ကျွန်တော်တို့ဟာ Virtual Images တွေကို Real Context တွေနဲ့ မြင်လာရတော့မှာဖြစ်ပြီး အဲဒီအရာတွေနဲ့လည်း Interact လုပ်လာနိုင်တော့မှာပါ။ ကျွန်တော်တို့ လိုအပ်တာကတော့ ကျွန်တော်တို့ သုံးစွဲနေတဲ့ Device က Camera လေး တစ်ခုပါပဲ။ AR ကို ကိုယ့်ရဲ့ Business မှာ အသုံးချမယ်ဆိုရင် - ကိုယ့်ရဲ့ Customer တွေကို Suprise ဖြစ်စေပြီးတော့ ကိုယ့် Company အတွက် ပိုပြီး အာရုံစိုက်ခံမှု ရရှိနိုင်မဲ့အပြင် Customers တွေကို ပိုပြီး စွဲဆောင်နိုင်မှာပါ။ - AR ဖြစ်နေတာကြောင့် ကိုယ့် Brand နဲ့ Customers တွေကို ပိုပြီး Interaction ရစေမှာဖြစ်ပါတယ်။ - ပုံမှန် Content တွေမဟုတ်ဘဲနဲ့ ပိုပြီး မြှင့်မားတဲ့ Personalization Content တွေ ဖန်တီးနိုင်မယ်။ - Visualization တွေထည့်သွင်းပြီးတော့ ကိုယ့် ဝန်ထမ်းတွေကို Training ပေးမယ်ဆိုရင် ပိုပြီး Effective ဖြစ်စေမယ်။ - Customer တွေဘက်ကလည်း ကိုယ့်ပစ္စည်းကို ဝယ်သင့်မဝယ်သင့် စဉ်းစားမဲ့ အဆင့်ကို ကျော်လွှားနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ့် ရောင်းအားကို တိုးစေမယ်။ တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ့် စီးပွါးရေးဟာ ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းမက သာနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့် လုပ်ငန်းကို Digitally Transfrom လုပ်ချင်တယ်ဆိုရင် AR ဟာလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ နည်းလမ်းတစ်ခုပါပဲ။ တကယ်လို့ လူကြီးမင်းတို့ လုပ်ငန်းအတွက် AR Apps တစ်ခုလိုချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Venuslab ဟာ အကောင်းမွန်ဆုံး ရွေးချယ်မှုဖြစ်မှာပါ။ Venuslab ဟာ အတွေ့အကြုံရင့် နည်းပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့အပြင် သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်နေတာကြောင့် လူကြီးမင်းတို့အတွက် လိုအပ်တဲ့ AR apps ကို ဖန်တီးပေးနိုင်ရုံတင်မက ၊ လူကြီးမင်းတို့ လုပ်ငန်းကို Digitally Transform လုပ်ချင်တယ်ဆိုရင်လည်း "အခမဲ့" Consult လုပ်ပေးနေပါတယ်။ ဒါကြောင့် ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ပြိုင်ဖက်တွေထက် သာနေစေဖို့ အခုပဲ Venuslab ကို ဆက်သွယ်လိုက်ပါ။ #venuslab #idea_to_impact

by Admin