banner image

Sharing is a better way to grow the good impact

blog

Customer Loyalty Programs အမျိုးအစားများ။

Invalid date | Apps/Software Development | by
Customer Loyalty Programs တွေဟာ အမျိုးမျိုး ရှိပါတယ်။ တစ်ချို့ စီးပွါးရေးလုပ်ငန်းတွေကတော့ Model တစ်မျိုးတည်းကိုသာ သုံးလေ့ရှိပြီးတော့ တစ်ချို့တွေမှာတော့ ၂ မျိုး ၃ မျိုး ပေါင်းပြီး သုံးလေ့ရှိကြပါတယ်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတော့ သုံးသင့်တဲ့ Customer Loyalty Programs တွေဟာလည်း ကွဲပြားပါတယ်။ အောက်မှာတော့ Loyalty Programs အမျိုးအစားများကို ဖော်ပြပေးလိုက်ပါတယ်။ 1) Point Program Point Program ကတော့ အတွေ့အများဆုံး Loyalty Program တစ်ခုဖြစ်ပါတယ်။ အရိုးရှင်းဆုံး System တစ်ခုဖြစ်ပြီးတော့ Customer တွေ ကိုယ့် Product တွေကို ဝယ်ယူသုံးစွဲတဲ့ ငွေကြေး amount ပေါ်မူတည်ပြီးတော့ Point တွေကို ပြန်ပေးတာဖြစ်ပါတယ်။ Customer တွေအနေနဲ့ ရရှိလာတဲ့ Point အရေအတွက်ပေါ်မူတည်ပြီး သက်ဆိုင်ရာ Reward တွေကို ရယူနိုင်တဲ့ System တစ်ခုဖြစ်ပါတယ်။ Customer တွေဘက်ကလည်း သူတို့ အလိုရှိတဲ့ ပစ္စည်းကို လှဲလှယ်နိုင်ဖို့အတွက် ကိုယ့် Product တွေကို ဝယ်ယူပြီးတော့ Point တွေကို စုဆောင်းဖို့ တွန်းအားပေးနိုင်ပါတယ်။ 2) Spend Program Spend Program မှာတော့ Customer တွေဟာ ကိုယ့် Product အတွက် ဝယ်ယူသုံးစွဲတဲ့ ပမာဏအပေါ်မူတည်ပြီးတော့ Loyalty Credits တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒီ Program ကတော့ ရိုးရှင်းပြီးတော့ ဖန်တီးရလွယ်၊ ထိန်းသိမ်းရလွယ်တဲ့ Program ဖြစ်ပါတယ်။ ဒီ Program ကို အသုံးချပြီးတော့ ကိုယ့် လုပ်ငန်းနဲ့ Customers တွေရဲ့ကြားက Transaction Amount ကို တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ 3) Tiered Program Tiered Program မှာတော့ Customer တွေရဲ့ ဝယ်ယူသုံးစွဲတဲ့ ပမာဏအပေါ်မူတည်ပြီး Levels တွေကို ခွဲလိုက်တာဖြစ်ပါတယ်။ ကိုယ့် Product ကို ဝယ်ယူသုံးစွဲလေလေ Loyalty Level မြှင့်လာလေလေဖြစ်ပြီးတော့ Level မြှင့်လေလေ သူတို့တွေ ရရှိနိုင်တဲ့ Reward တွေ များပြားလေလေ ဖြစ်ပါတယ်။ 4) Paid Program - VIP Member Club Paid Program မှာတော့ Customers တွေဟာ လစဉ်ကြေး (သို့) နှစ်စဉ်ကြေးပေးဆောင်ပြီးတော့ VIP member club ကို ဝင်ရောက်ခိုင်းတာ ဖြစ်ပါတယ်။ Member ဖြစ်ပြီဆိုရင်တော့ Special Services တွေ ၊ Discounts တွေ ၊ Unique Opportunities တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ Paid Program မှာတော့ ပေးထားတဲ့ Reward တွေဟာ Member Exclusive ဖြစ်ရပါမယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရာရောက်မှာ မဟုတ်ပါဘူး။ 5) Value - based program ဒါကတော့ ကိုယ့် Customer ရဲ့ Value ပေါ်မှာ မူတည်ပြီး တည်ဆောက်တဲ့ Program ပါ ။ ဥပမာအနေနဲ့ ကိုယ်ဟာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ထားပြီး Customer တစ်ယောက်က တစ်သိန်းဖိုး ကိုယ့်ဆိုင်မှာ လာသုံးသွားတယ်ဆိုရင် ကိုယ်က တစ်ထောင်ကို မရှိဆင်းရဲသားလူတွေကို လှူပေးတယ်ဆိုတဲ့ ပုံစံမျိုးပါ။ အဲဒါကို Value-based Program လို့ ခေါ်ပြီးတော့ Customer နဲ့ ကိုယ့်ကြားက ဆက်ဆံရေးကိုပိုပြီး လေးနက်စေပါတယ်။ 6) Partnered Program Customer တွေကို ကိုယ့်ရဲ့ Product တွေ Service တွေကိုသာမက သူတို့ လိုအပ်တဲ့ တခြား Product တွေ Service တွေကို သက်ဆိုင်ရာ လုပ်ငန်းတွေနဲ့ Partner ချိတ်ပြီး ပေးနိုင်မယ်ဆိုရင် Customer Loyalty ကို တည်ဆောက်နိုင်ရုံတင်မက ကိုယ့်ရဲ့ Business ကိုပါ တိုးတက်စေမှာဖြစ်ပါတယ်။ 7) Game Program လူတိုင်းက Game ကို ကြိုက်ကြပါတယ်။ ဒါကြောင့် Loyalty Program ကို Game Application အဖြစ် ဖန်တီးပြီးတော့ Customer တွေကို Repeat Purchases လုပ်ခိုင်းတာမျိုးနဲ့ Customer Loyalty ကို မြှင့်တင်နိုင်ပါတယ်။ Customer တွေအနေနဲ့လည်း Entertain ဖြစ်စေပြီး ကိုယ့်အနေနဲ့လည်း Brand Image ကို မြှင့်တင်နိုင်မှာပါ။ အပေါ်မှာ ဖော်ပြခဲ့သလို Customer Loyalty Programs တွေဟာ အမျိုးမျိုးရှိပြီးတော့ ကိုယ့်ရဲ့ လုပ်ငန်းသဘောတရားအပေါ်မူတည်ပြီးတော့ Programs တွေဟာ ကွဲပြားနိုင်ပါတယ်။ Program ကို တစ်ခုတည်း အသုံးပြုနိုင်ရုံတင်မက ၂ ခု ၃ ခုထက်ပိုမိုပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ အတွေ့အများဆုံး Hybrid Loyalty Programs တွေကတော့ Point Based System နဲ့ Tier Program ကို ပေါင်းစပ်ထားတာပါ။ ဘယ်လောက် Point ရရင် ဘယ် Tier ဆိုတာကို ဖော်ပြထားခြင်းအားဖြင့် Customer တွေကို ကိုယ့်ရဲ့ ကုန်ပစ္စည်းကို နောက်ထပ် ဝယ်ယူလိုစေမှုအတွက် တွန်းအားဖြစ်စေမှာပါ။ Digital Age ရောက်နေတဲ့အခါမှာ ကိုယ့်စီးပွါးရေးဟာ ကိုယ့်ပြိုင်ဖက်တွေနဲ့ ကွဲပြားနေဖို့ လိုအပ်ပါတယ်။ Loyalty Programs တွေဟာ ကိုယ့် စီးပွါးရေးကို အပေါ်က ပြောသွားခဲ့တဲ့ အားသာချက်တွေကို ဖန်တီးပေးနိုင်ပါတယ်။ တကယ်လို့ လူကြီးမင်းတို့အနေနဲ့ လူကြီးမင်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းနဲ့ Digital ပိုင်းဆိုင်ရာ Loyalty Programs တွေ ဖန်တီးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venuslab နဲ့ ဆက်သွယ်နိုင်ပါတယ်။ လူကြီးမင်းတို့ စီးပွါးရေးနဲ့ ကိုက်ညီမဲ့ Programs တွေကို အခမဲ့ Consult လုပ်ပေးနိုင်သလို ၊ လူကြီးမင်းတို့ လိုအပ်မဲ့ Loyalty Programs တွေကိုလည်း Digital ပိုင်း အစအဆုံးတာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် ပြိုင်ဖက်တွေထက် သာနေစေဖို့ အခုပဲ ကျွန်တော်တို့ Venuslab ကို ဆက်သွယ်လိုက်ပါ။ #venuslab #idea_to_impact #customer_loyalty_program
by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab