banner image

Sharing is a better way to grow the good impact

blog

Business Website ရှိခြင်းရဲ့ အကျိုးကျေးဇူးများ

Invalid date | Web Development | by

နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတဲ့ IT ခေတ်ကြီးမှာ Website တွေဟာလည်း Marketing အတွက် အသုံးချစရာ လက်နက်တွေဖြစ်လာပါပြီ။ သေချာပြုလုပ်စီစဉ်ထားတဲ့ Website တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာ သင့်ရဲ့ စီးပွါးရေးနယ်ပယ်ထဲက ပြိုင်ဖက်တွေထက် ခြေတစ်လှမ်းသာနေပြီ ဖြစ်ပါတယ်။ Website တစ်ခုရှိခြင်းဟာ သင့်ကို Leads နဲ့ Sales တွေကို Generate လုပ်ပေးနိုင်တဲ့အပြင် သင့်ရဲ့ Brand Image ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

အောက်မှာတော့ Business Website ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေပါ။

၁) Advertising အတွက် ကြော်ငြာစရိတ်ကို လျှော့ချပေးနိုင်ပါတယ်
Website ရှိခြင်းအားဖြင့် Website မှာ သင့်ရဲ့ Product တွေကို ကြော်ငြာနိုင်ပါတယ်။ အဲ့အတွက်ကြောင့် Catalog တွေဘာတွေ ပရင့်ထုတ်တဲ့ စရိတ်စကကို လျှော့ချပေးနိုင်ပါတယ်။

၂) Customer အသစ်တွေကို လွယ်လွယ်ကူကူ ရနိုင်ပါတယ်။
ရှိပြီးသား Customer တွေကနေ သင့် Website ရဲ့ URL ကို Share ပေးခြင်းအားဖြင့် သူတို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေဟာ ကိုယ့်ရဲ့ Customer တွေ ဖြစ်လာနိုင်ပါတယ်။

၃) ကိုယ့် Customer တွေကို Educate လုပ်ပေးနိုင်တယ်။
ကိုယ့် Product တွေ Service တွေအကြောင်းနဲ့ ပတ်သက်ပြီးတော့ Website မှာ တင်ပေးခြင်းအားဖြင့် ကိုယ့် Customer တွေကို Educate လုပ်နိုင်ပါတယ်။

၄) ကိုယ့် Market ကို ချဲ့နိုင်တယ်။

Internet ပေါ်ကနေ သွားတာဖြစ်တဲ့အတွက် Geographical အတားအဆီးတွေကို ကျော်လွားနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက ဘယ်နေရာကမဆို သင့်ရဲ့ Product ကို ဝင်ရောက် ကြည့်ရှု့နိုင်ပြီးတော့ သင့်အနေနဲ့လည်း Product တွေကို Online ကနေ ရောင်းချနိုင်ပါတယ်။

၅) ကိုယ့် Product တွေကို လွယ်လွယ်ကူကူ Promote လုပ်နိုင်တယ် ။ ရောင်းချနိုင်တယ်။
Website မှာ ကိုယ့် Product ကို ဓါတ်ပုံတွေနဲ့ တကွ အသေးစိတ်ရှင်းပြထားနိုင်သလို ကိုယ့် Product ဟာ ပြိုင်ဖက်တွေထက် ဘာတွေ သာလွန်တယ်ဆိုမျိုးလည်း ရှင်းပြနိုင်ပါတယ်။ ကိုယ့် Website ဆီ အလည်လာသူတွေကို သူတို့အတွက် ကိုယ့် Product ဟာ ဘယ်လောက်ထိ အကျိုးပြုနိုင်တယ်ဆိုတာကိုလည်း ပြနိုင်ပါတယ်။

၆) သင့် Business ကို နေရာပြောင်းရွှေ့တဲ့အချိန်မှာလည်း အဆင်ပြေပါတယ်။
သင့် အလုပ်ကို တစ်ခြားနေရာပြောင်းရွေ့ရင်တောင်မှ သင့်ရဲ့ Customer တွေနဲ့ အဆက်ပြတ်စရာမလိုတော့ပါဘူး။ သင့်ရဲ့ Website မှာ Information ပြောင်းပြီး သင့်ရဲ့ Customers တွေကို အသိပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။

၇) အလုပ်ခေါ် နိုင်ပါတယ်။
သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း Website ကနေ တဆင့် ခေါ်ယူနိုင်ပါတယ်။

၈) Internet ပေါ်မှာ Brand Identity တည်ဆောက်နိုင်ပါတယ်။
ကိုယ်ပိုင် Domain Name နဲ့ Online ပေါ်မယ် Brand Identity တည်ဆောက်နိုင်ပါတယ်။

၉) Market Research ကို ဈေးသက်သက်သာသာနဲ့ လုပ်နိုင်ပါတယ်။
Website မှာ Visitor Polls တွေ Online Surveys တွေ ထည့်ထားခြင်းဖြင့် Research ကို ဈေးသက်သက်သာသာနဲ့ ပြုလုပ်နိုင်ပါတယ်။

၁၀) Customer Service ကို ပိုပြီး ကောင်းမွန်အောင် ဖန်တီးနိုင်ပါတယ်။
Website မှာ Online Forms ထည့်ထားခြင်းဖြင့် သင့် Customers နဲ့ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ပြီးတော့ ပိုပြီး ကောင်းမွန်တဲ့ Relation ကို တည်ဆောက်နိုင်ပါတယ်။

Business Website ရှိခြင်းရဲ့ ကောင်းကျိုးတွေဟာ အပေါ်က အချက်တွေတင်မကပါဘူး။ ကိုယ်ဖန်တီးနိုင်ရင် နိုင်သလောက် အကျိုးကျေးဇူးကို ရနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ရှိနေတဲ့ Website တွေကို ပြန်လည်ပြင်ဆင်ခြင်တာပဲ ဖြစ်ဖြစ် ၊ Website တည်ဆောက်ချင်တာပဲ ဖြစ်ဖြစ် အကူအညီလိုတယ်ဆိုရင်တော့ Venus Lab ကို ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ Venus Lab အနေနဲ့ မိတ်ဆွေတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိနေပါတယ်။

by Admin