banner image

Sharing is a better way to grow the good impact

blog

စီးပွါးရေးလုပ်ငန်းတွေအတွက် လက်နက်တစ်ခုဖြစ်လာဦးမဲ့ AR

Invalid date | Apps/Software Development | by
ဟိုးအရင်တချိန်တုန်းက AR ဆိုတာ လူတွေသိပ်သတိမထားမိခဲ့ပေမဲ့ အခုအချိန်မှာတော့ AR နည်းပညာတွေဟာလည်း တစ်နေ့ပြီးတစ်နေ့ တိုးတက်လာပါပြီ။ ဒါကြောင့်လည်း တချို့ နာမည်ကြီး Brand တွေဟာဆိုရင် နောက်ပိုင်း သူတို့ စီးပွါးရေးအတွက် ဈေးကွက်ချဲ့ထွင်တဲ့အခါမှာလည်း AR တွေကိုပါ ထည့်သွင်းချလာပါပြီ။ ဒါကြောင့်လည်း ထိပ်တန်း Company တစ်ခုဖြစ်တဲ့ Google ဟာ သူ့ရဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့ Google Glass ကို ပြန်လည် မိတ်ဆက်လာခဲ့ပါတယ်။ Innovate ဖြစ်တဲ့ တချို့ အတတ်ပညာရှင်တွေဟာဆိုရင် သူတို့ရဲ့ Business Cards တွေမှာပါ AR နည်းပညာကို သုံးတဲ့အထိ AR ဟာ တွင်ကျယ်လာပါတယ်။ ဥပမာဆိုရင် ကမ္ဘာ့နာမည်ကြီး Furniture Company တစ်ခုဖြစ်တဲ့ IKEA ဆိုလည်း သူရဲ့ Product နဲ့လိုက်ဖက်ညီမဲ့ AR Campaign တစ်ခုကို 2012 မှာ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကတော့ ဈေးဝယ်သူတွေဟာ IKEA ရဲ့ အရောင်းစင်တာကို သွားစရာမလိုဘဲ ကိုယ့်အိမ်ကနေ ဖုန်းနဲ့တင် IKEA ရဲ့ ပရိဘောဂတွေကို ဘယ်နေရာမှာထားရင် ဘယ်လိုမြင်ရတယ်ဆိုတာမျိုးကို AR ကို အသုံးပြုပြီးမြင်နိုင်အောင် လုပ်ခဲ့ခြင်းပါ။ အဲဒီအရာဟာ Customer တွေအတွက် အရမ်းအဆင်ပြေခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ တချို့ Customer တွေဟာ ကိုယ်ဝယ်မဲ့ ပရိဘောဂတွေဟာ သူတို့အိမ်ထဲမှာ လွတ်နေတဲ့နေရာနဲ့ ဆန့်လား မဆန့်လားဆိုတာကို AR ကိုသုံးပြီး သေချာ မြင်ရခဲ့လို့ပါပဲ။ နောက်တစ်ခုက AR အကြောင်းပြောမယ်ဆိုရင် မပါမဖြစ်ဆိုတဲ့ Nintendo ရဲ့ Pokemon Go ပဲဖြစ်ပါတယ်။ စပေါ်လာကတည်းက အရမ်း Hit ဖြစ်ပြီး နာမည်ကြီးခဲ့သလို အခုအချိန်ထိလည်း ဆက်လက်ကစားနေတဲ့ Player တွေ အများကြီးရှိပါသေးတယ်။ Pokemon Go Apps ကို အသုံးပြုပြီးတော့ ကစားသူတွေဟာ ကိုယ့် ပတ်ဝန်းကျင်မှာ ပေါ်လာတဲ့ Pokemon အကောင်တွေကို ဖမ်းဆီးနိုင်အောင် AR ကို အသုံးချထားခဲ့တာဖြစ်ပါတယ်။ AR အသုံးပြုခဲ့တဲ့ Pokemon Go ဟာ ဆိုရင် ကစားသူ စုစုပေါင်း 65 million ထိ ရှိခဲ့ပါတယ်။ ဒါတင်ပဲလားဆိုရင် မဟုတ်သေးပါဘူး။ Cosmetic Company တစ်ခုဖြစ်တဲ့ L'Oreal Makeup ဟာလည်း AR ကို အသုံးချပြီးတော့ သူ့ Customer တွေကို စွဲဆောင်ခဲ့ပါတယ်။ Mobile ဖုန်းကို အသုံးပြုပြီးတော့ Customer တွေဟာ L'Oreal ရဲ့ product တွေကို အသုံးပြုပြီး makeup တွေကို အမျိုးမျိုးစမ်းသပ် အလှပြင်နိုင်တာပဲ ဖြစ်ပါတယ်။ လူတိုင်း Smart Phone တွေ ကိုင်ဆောင်ထားတဲ့ခေတ်မှာ AR ကို ကြည့်လို့ရတဲ့ Device တွေဟာလည်း များပြားလာတာကို တွေ့ရမှာပါ။ ဒါကြောင့် စီးပွါးရေး လုပ်ငန်းတွေ အနေနဲ့ ကိုယ့်ရဲ့ Product နဲ့လိုက်ဖက်ညီမဲ့ AR တစ်ခုကို အခုကတည်းကစပြီး Develop လုပ်နေမယ်ဆိုရင် AR ကို ဒီထက်ပို အဆင်ပြေပြေသုံးလို့ ရလာရင် ကိုယ့် ပြိုင်ဖက်တွေထက် ခြေတစ်လှမ်း သာနေမှာပါ။ ဒါကြောင့် လူကြီးမင်းတို့ရဲ့ လုပ်ငန်းနဲ့ လိုက်ဖက်ညီမဲ့ AR Program တစ်ခုကို Develop လုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Venuslab ကနေပြီးတော့ လူကြီးမင်းတို့ ဆီကို အခမဲ့ လာရောက် Consult လုပ်ပေးပြီး အစစအရာရာ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။ AR နဲ့ ပတ်သက်ပြီး တစ်ခုခု လိုအပ်တယ်ဆိုရင်တော့ အခုပဲ Venuslab နဲ့ ဆက်သွယ်လိုက်ပါ။ 


စီးပွါးရေးမှာ AR ကို ဘယ်လို အသုံးချမလဲ ဆိုတာကို ဒီမှာဖတ်ပါ။ 

 #venuslab #idea_to_impact

by Admin
© Copyright 2019 Venus Lab All rights reserved.
Make with love by Venus Lab